Episode 8

2.6K 259 1
                                    

Zawgyi

မနက်​မိုးလင်းကတည်းက ဖုန်းကိုကိုင်​လိုက်​ချလိုက်​လုပ်​မိ​နေသည်​။ ကိုယ်​မမှားတဲ့ကိစ္စတစ်​ခုအတွက်​ ကိုယ့်​ဘက်​ကစပြီး​ ပြေရာ​ပြေ​ကြောင်းပြန်​​ပြောဖို့ဆိုတာက​တော့အဓိပ္ပါယ်​မရှိဟုထင်​သည်​......

ကိုယ်​ဘက်​ကစမ​ပြောမိလို့ သူ့ကိုဆုံးရှုံးရမှာလည်း
ကြောက်​မိသည်​။အတတ်နိုင်​ဆုံးဒီလိုကိစ္စ​တွေမဖြစ်​​အောင်​​နေ​ပေမယ့်​လည်း ဖြစ်​သွားတာကို​တော့ ကိုယ်​လည်း
မတတ်​နိုင်​.....

ဒါ​ပေမဲ့ သူ့ရဲ့မိန်းက​လေးတစ်​​ယောက်​အ​နေနဲ့​မေးတာမို့လို့ ပြန်​ရှင်းပြရမှာကသူ့တာဝန်​​လေ....ဒါကိုအ​ကြောင်းမဲ့
သက်​သက်​ ​ဒေါသထွက်​တာက​တော့မဖြစ်​သင့်​.....

ဘယ်​လိုပဲဖြစ်​ဖြစ်​ပါ​လေ ထိုလူသားကိုအဆုံးရှုံးမခံနိုင်​သူကလည်ကိုယ်​ပဲမို့လို့ ဖုန်းစဆက်​ရန်​ဆုံးဖြတ်​​လိုက်​သည်​....

"Hello..."

ဖုန်းဝင်​​နေ​ပေမယ့်​​တော်​​တော်​နဲ့မကိုင်​တဲ့သူ​ကြောင့်​လည်း
စိတ်​ညစ်​မိသည်​။....

"Tae...ဒီ​နေ့အချိန်​ရလားမုန့်​သွားစား...."

"မအားဘူး...ချိန်းထားတာရှိတယ်​....."

ကိုယ့်​စကားပင်​မဆုံး​သေး ​ပြောချင်​ရာ​ပြောပြီးချသွားပြန်​သည်​။ဘယ်​တတ်​နိုင်​မလဲ သူမှမအားတာ​လေ....

အရင်​ကဆိုရင်​​တော့ Eun Ji ကို​ခေါ်မိမှာအ​သေအချာ
ပင်​ဖြစ်​သည်​။ ဒါ​ပေမဲ့ သူလည်းသူ့​ကောင်​​လေးနဲ့အချိန်​ဖြုန်းချင်​မှုပဲကို ကိုယ်​က​ခေါ်လို့လည်မဖြစ်​.....

ဒီ​နေ့​တော့​ တစ်​​ယောက်​တည်းပဲအချိန်​ကုန်​ရ​တော့မယ်​....

.................................................................

"Oppa...ဂျီယွန်းကို ဘယ်​အချိန်​အထိ silent တွဲ​နေမှာလဲဟင်​...."

ဒီစကားကို​မေးလာသူက​တော့ တတိယနှစ်​မှအလှပ​ဂေး
တစ်​​ယောက်​ဖြစ်​တဲ့ အိုဂျီယွန်း....

"ဂျီယွန်းရာ....silent ပဲတွဲမယ်​လို့အစတည်းက​ပြောထားတယ်​​လေ.....အဲ့ကိစ္စကိုထပ်​မ​ပြောနဲ့​တော့"

When Everything Is Gone [Completed] Dove le storie prendono vita. Scoprilo ora