14 Days 14 Books Challenge
Ren က ဒီ April တစ် လ လုံးကို အနားယူမယ့် လ စာဖတ်မယ့်လ လို့ သတ်မှတ်ထားပါတယ်။
အိမ်အောင်းပြီး စာဖတ်မှာ …
သင်္ကြန်လဲ မု ကျန်တာတွေလဲ မု.…
စာဂျပိုး လုပ်ပစ်မှာ။အဲ့တော့ Ren စာအုပ်တစ်အုပ်ဖတ်တဲ့အခါ တချို့ စာအုပ်တွေက ဇာတ်သိမ်းခန်းမှာ စဉ်းစာစရာတွေ ချန် ချန်သွားတယ်။
ဥပမာဆို မမရေ ချယ် ဆိုတဲ့ စာအုပ်လို မျိုး။
အဲ့ခါကျရင် အဲ့စာအုပ်ဖတ်ဖူးတဲ့သူတွေဆို ကိုယ်နဲ့ အမြင် ဘယ်လို တူလဲ ကွဲ လဲဆိုတာ သိချင်သွားတယ်။
ပြီးတော့ စိတ် ဝင်စားဖို့လဲ ပိုကောင်းတာပေါ့လေ။အဲ့လိုလေးတွေ ရှိတော့
Ren က စဉ်းစားလိုက်တယ်။
wattpadမှာ စာအုပ်လေးတွေ တင်ပြီးအတူတူဖတ်ပြီး ခံစားရတာတွေ ဖလှယ် ရင်ရော ဆိုပြီး။အဲ့ါကြောင့်ဒီ challenge လေး လုပ်မယ်လို့ စဉ်းစားလိုက်တာ။
ဒီ Challenge မှာ စာအုပ် ၁၄ အုပ် ( အမျိုးအစားမတူတဲ့ နယ် ပယ် အမျိုး အစားမတူတဲ့ စာရေးဆရာတွေ ပါနိုင်အောင် Ren ရွေးထားတယ်။) ပြီတော့ လူဖတ် မများသေးတဲ့ စာအုပ်တွေကို ပိုရွေးထားတယ်။
မြည်းစမ်းကြည့်ချင်တဲ့စိတ်ကြောင့်ပါ။စမယ့်နေ့က
(8 April 2019)
ပြီးဆုံးမယ့်နေ့က
(21 April 2019 ) မှာ
ဒီ Challenge ပြီးမယ်။ပါ ဝင်ချင်တယ် ဆိုရင် ဘာမှလုပ်စရာမလိုပါဘူး။
စာအုပ်ဖတ်ဖို့ပဲ လိုတာ။ဘာပေးမှာလဲ ဆိုရင်လဲ ဘာမှ မပေးပါဘူး :3
Ren က ဘောစိမှမဟုတ်တာ ငိငိ။ဒါပေမယ့် တစ်ခုတော့ရှိတယ်။
Ren တတ်နိုင်တာလေးပေါ့။
စာအုပ်လက်ဆောင်ပေးပါ့မယ်။
ဘာ စာအုပ်လဲဆိုတာတော့ မစဉ်းစားရသေးဘူး။
Review တွေ ထဲမှာ စာဖတ်သူတွေ အကြိုက်ဆုံးReview ၂ ခုကို ရွေးချယ် ပြီး စာအုပ်လက်ဆောင် ပေးပါ့မယ်။(Ren သဘောကျတဲ့စာအုပ်ပါ)
Ren နဲ့လဲ အပြင်မှာ တွေ့ကြမယ်လေနော်။
Fan sign လိုချင်လား မလိုချင်လားတော့မသိပေမယ့် Fan Sign လေးလဲ အဲ့စာအုပ်ထဲ ရေးထည့်ထားပေးမယ်။နောက်ပြီ
ဘာရသွားမှာလဲဆိုတော့
အကြီးကြီးရသွားမှာပါ။
တစ်ခုက စာအုပ်တွေအကြောင်းကို နားလည်မယ်။
ဗဟုသုတ တွေ ကြွယ် လာမယ်။
အိမ်ထဲမှာ နေပြီး နယ်ပယ် ပေါင်းစုံကိုရောက်သွားမယ်။
တစ်ယောက် အမြင်ကို တစ်ယောက် သိရှိနိုင်မယ်။
နောက်ပြီး အများကြီးပါပဲ စာဖတ်လို့ ရနိုင်တာတွေက။ပြီတော့ တစ်ရက်ကို တစ်အုပ်ပြီးအောင်ဖတ်ဖို့က ကြည့်တော့သာ လွယ်တာ အရမ်းကို ခက်ခဲပါတယ်နော်။
အဲတာ့ I challenge It ဆို စကြမယ်။မစခင် သေချာပေါက် ဒီ ဟာလေးကို စိန်ခေါ်ကြည့်ချင်ပါတယ်ဆိုတဲ့ လူတွေ
fb သုံးရင် Ren Viha Acc ကို အပ်ပေးပါ။
ပြီရင် Chat Box ကနေ 14 days 14 books challenge လို့ ပို့ပေးပါ။
ဒီ Challenge မှာပါတဲ့ သူတွေ GP ဖွဲ့ထားပြီး ဆွေးနွေးလို့ရ အောင်ပါ။ဒီ အောက်မှာ စာအုပ် ၁၄ အုပ် ရဲ့ နာမည်။
အကုန်လုံးက ရွှေမီးအိမ် Applicationမှာပါတယ်။အဲ့တော့ ညစဉ် ညတိုင်း ၁၀ နာရီ တိတိတိုင်းမှာု
အဲ့ စာအုပ်နဲ့ ပတ်သတ်ပြီး Review တွေကို Ren ဆီ ပို့ပေးပါ။Ren ကWattpadမှာ Review ပိုင်ရှင်ရယ်…Review ရယ်ကို တင်ပေးပါ့မယ်။
ပြီရင် ဘယ်သူကတော့ ငါနဲ့ အမြင်တူတယ်
ဘယ်သူကတော့ ငါ့လို ခံစားရတယ်ဆိုပြီး နှလုံးသားတွေ နီးရအောင်ဒါဆို Ren တို့ ရဲ့ Challenge Group ကြီး
စတင်ရအောင်။(
တစ်ယောက်မှ Challenge မလုပ်လဲ Ren ကတော့ လုပ်မှာပါ ။ဟိဟိ။
Ren ရဲ့ Review တွေ ရေးပစ်မှာ။)##########စာအုပ်ထုတ်ဝေပြီးသား Wattpadက author များလဲ စာအုပ်တွေ Ren ကို စပွန်ဆာ ပေးလို့ရပါတယ်နော် ။ ဟီး။ သာသာတို့ စပွန်ဆာ ပေးရင် စာအုပ်လက်ဆောင်တွေ ထပ်တိုးမယ်။ မမ အကြင်နာမွန်တို့ မမ ညမွေးတို့ မမဆုခြည်ကို သာသာ အရောင်မဲ့တို့ ပြီးတော့ သာသာမေကင်းတို့ စာအုပ်ထုတ်ပြီးသား Author တွေ စပွန်ဆာ ပေးကြပါ XD ရုတ်တရက် ခေါင်းက စဉ်းစားလို့ မရတဲ့အတွက် စာအုပ်ထုတ်ပြီးသား သာသာတွေကို Mention ပေးကြပါ XD စပွန်ဆာ တောင်းမလို့ XDXD##########
challenge စာအုပ် များ
8ရက်နေ့
တောမင်းသမီး ( ခင်ခင်ထူး)9ရက်နေ့
သူမ ( ဂျာနယ်ကျော် မမလေး )10ရက်
ဘဝဟူသည် ( နတ်နွယ်)11ရက်
ဂုဏ်ရည်မတူလို့လား (ဦးသုခ)12ရက်
ချစ်၍ ခေါ်ရာ ( သိန်းဖေမြင့်)13 ရက်
မောင့်နှမ မြနန္ဒာ (ကြည်အေး)14ရက်
သပြေ ( ခင်နှင်းယု)15ရက်
အရည်အသွေး ( ချစ်စံဝင်း )16 ရက်
မငြိမ်းသာရဲ့ ရွှေနန်းတော် ( ချစ်ဦးညို )17ရက်
ကျွန်တော်နှင့် သတ္တဝါ တစ်ခု (မင်းလူ )18 ရက်
သင်၏ သစ္စာ မရှိသော ( ကျော်အောင် )19 ရက်
ဒေါသမာန် ( မောင်ထွန်းသူ)20ရက်
လူငယ်များသို့ မင်္ဂလာပါ ( အောင်သင်း)21ရက်
သူပုန်အိမ် ( မဟာဆွေ)
