သူမ(ဂျာနယ်ကျော်မမလေး )

998 18 2
                                    


တကယ်တော့ Review ဖတ်တယ်ဆိုတာ သူများ ဦးနှောက်ဖောက်စားတာပါပဲ။ ဒါကြောင့် ဖတ်ဖြစ်အောင်ဖတ်ကြပါ။

ပြီးဆုံးအောင် ဖတ်ပြီး Review ရေးပေးကြတဲ့ ကလေးတွေအားလုံး Congratulation ပါလို့။




Here are Reviews Of Our Team

Ohmar Aye
##########
တကယ် သူမ ၀တ္ထုဖတ်ရတာ တကယ်ကောင်းတယ် အရေးအသားက ဖတ်ဖတ်ချင်း နားမလည်နိုင်တာတွေရှိပေမယ့် အသုံးအနူန်းတွေက ရှေးသုံး ဗာန်းစကားတွေတွေ့ရတယ်. ဒီဝတ္ထု မှာ သူငယ်ချင်းဆိုတဲ့ ဆက်ဆံရေးလေးနက်ပုံတွေကို တွေ့ရတယ်  အပေါ်ယံမဟုတ်တဲ့ တကယ့်စိတ်ရင်းနဲ့ ဆက်ဆံတတ်တဲ့ သူငယ်ချင်းကောင်းဆက်ဆံပုံမျိုး အဲ့ဒါဖတ်လိုက်ရင် စိတ်ချ မိမိရဲ့ သူငယ်ချင်းကောင်းရှိရင် သူ့ကိုသတိရမိမှာ  ဒါ့အပြင် မိန်းမသားတစ်ယောက်ရဲ့ ပြည့်စုံခြင်း လှပတင့်တယ်ခြင်း စောင့်စည်းနိုင်စွမ်းတို့ကိုလည်း တွေ့ရတယ်.

မေရီတစ်ဖြစ် လှရဲ့သူငယ်ချင်း သက်သက်တစ်ဖြစ်လည်း  ဖတ်ရှူရမယ့်ဇာတ်ကောင်ကအရမ်းကို သနားဖို့ကောင်းလွန်းတယ်.
အချစ်ဆိုတဲ့အရာကိုတော့ ဒီထဲမှာ ကိုယ့်အမြင်နဲ့ပြောရရင်အားမရဘူးရယ် 

ဦးမင်းဟန်နေရာကနေလည်း ခံစားကြည့်ရင်လည်း ကြေကွဲဖွယ်ဘဲ.

တကယ်လို့ စာရေးသူက ဇာတ်သိမ်းကို ဒီမှာ အသုံးမသတ်ထားဘူးဆိုရင်  သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘယ်လို ဆက်သွားမှာလဲ သိချင်မိတယ်

ပျော်ပျော်နေတတ်တဲ့ လူတွေရဲ့ စရိုက်နဲ့အပြောလေးတွေပါတော့ စာက ပြင်းစရာမကောင်းဘူးရယ်

ဇာတ်သိမ်းကတော့ တစ်မျိုးခံစားသွားစေရမယ်

နှင်း
#ဂျာနယ်ကျော်မမလေး#သူမ

ဂျာနယ်ကျော်မမလေး ရဲ့ သူမ ၀တ္ထုရှည် ကို အရင်တုန်းကတော့ဖတ်ဖူးပါတယ်။ ဆရာမရေးတဲ့စာတိုင်း ဘယ်ချိန်ဖတ်ဖတ် ဆွဲဆောင်မှု ရှိနေဆဲပါ။ အကြိမ်ကြိမ်ဖတ်တိုင်းပေါ့။ အခု "သူမ" စာအုပ်ကိုပြန်ဖတ်ရတော့ ခွန်အားနဲ့ယုံကြည်မှုတွေ
ထပ်မှန်ရရှိပြန်ပါသည်။  ဒီစာအုပ်ရဲ့ အနှစ်သာရက အမျိုးသမီးတို့ရဲ့ အိမ်ထောင်ထိန်းသိမ်းရေး အတတ်ပညာဟာ ဘယ်လောက် အရေးပါသလဲ ဆိုတာကို မီးမောင်းထိုးပြထားတယ်။
အမျိုးသမီးတစ်ယောက်အတွက်၊ အိမ်တစ်အိမ်အတွက် အိမ်မှုထိန်းသိမ်းရေး ဆိုတာဟာ နိစ္စဓူဝ သာမန်လွယ်ကူသော အလုပ်မဟုတ်၊ ၎င်းဟာ  အတတ်ပညာတစ်ခု၊ အိမ်တစ်အိမ်သာယာဖို့၊ ပျော်ရွှင်နိုင်ဖို့၊ အောင်မြင်နိုင်ဖို့ မရှိမဖြစ် လိုအပ်တဲ့ အတတ်ပညာတစ်ရပ် ဆိုတာကို သဘောပေါက်စေခဲ့တယ်။ အိမ်တစ်အိမ်ရဲ့ အိမ်ထောင်ကို ထိန်းသိမ်းရတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ တန်ဖိုးကို ဖော်ကြူးထားသလို၊ လူတွေက သေးသိမ်တယ်ထင်ကြတဲ့ အိမ်မှုကိစ္စဟာ ကြီးကျယ်တဲ့ အရာတစ်ခု ဖြစ်ကြောင်းကို ဆရာမ မမလေးက ကောင်းကောင်းပြသသွားခဲ့တယ်။
ဒီဝတ္ထုရဲ့ကာလ က အင်္ဂလိပ်အထွက် ဂျပန်အ၀င်ကာလ။ ထိုခေတ်ထိုအခါက ၀န်းကျင်အနေအထား၊  တိုင်းပြည်အခြေအနေအရ နေထိုင်သွားလာရမှု၊ ခံယူချက်တွေ စတဲ့ ထိုခေတ်ကပုံရိပ်ကို ပြေးမြင်ယောင်လာအောင် ဆရာမ ကအရေးသားကောင်းလွန်းလှပါသည်။
ယနေ့ခေတ်အခြေအနေနှင့်ယှဉ်ကြည့်သော်
ကွာဟချက်တွေများစွာရှိနိုင်သော်လည်း အမျိုးသမီး တယောက်အနေဖြင့် စိတ်ဓာတ်ခိုင်မာပြီး ကြုံလာသည့်ပြဿနာကို ဘယ်လိုရင်ဆိုင် ဖြေရှင်းပြီး အကောင်းဆုံးလုပ်ဆောင်သင့်သည့်အကြောင်းနှင့် ရဲရင့်သည့်ခံယူချက်တွေကို ရေးသားပုံဖော်ထားပုံမှာ စာဖတ်သူတွေကို ပါ ယုံကြည်ချက်ခွန်အားတွေပေးနိုင်သော စာဝတ္ထုတစ်ပုဒ်ပင်။ ဒီစာအုပ်က အမျိုးသမီးတွေကို လေးစားတတ်ဖို့ အခွင့်အရေးပေးခဲ့တဲ့ စာအုပ်တစ်အုပ်လို့လည်း ဆိုနိုင်ပါသေးသည်။

14 Days 14 Books ChallengeWhere stories live. Discover now