#ချစ်ဦးညို #မငြိမ်းသာရဲ့ ရွှေနန်းတော်
သမိုင်းနောက်ခံထားပြီး သမိုင်း၏ဖြစ်ရပ်မှန်ကိုအခြေခံပြီး ဇာတ်လမ်း ဇာတ်ကွက်များပုံဖော်ရေးသားရာတွင် ဆရာချစ်ဦးညို သည် အလွန်တော်သော လေးစားရသောစာရေးဆရာတဦးပါ။ ၀တ္ထုရှည်အဖြစ်ရေးသလို ၀တ္ထုတိုအဖြစ်နှင့်လည်း ရေးပါသည်။ ဆရာချစ်ဦးညိုသည် တကယ့်ဖြစ်ရပ်မှန် သမိုင်းကို သွေဖယ်ရေးသည်မျိုးမရှိ။ ဆရာရေးလိုက်သည့် ၀တ္ထုတိုင်း၏သမိုင်းနောက်ခံသည် မြန်မာ့ရာဇ၀င်သမိုင်းတွင် တကယ်ဖြစ်ပျက်ခဲ့သည်ပင်။ ၀တ္ထုများမှာ သမိုင်းအချက်အလက်များ ပေးသလို ရသလည်းပေးပါသည်။ ပါဝင်သည့်ဇာတ်ကောင် တိုင်း၏ ခံစားမှု ရသ ကို အမြင်အမျိုးမျိုး၊ ရှုထောင့်အမျိုးမျိုး ဖြင့် ရေးသားပြီး ရသပေါင်းစုံ၊ ခံစားချက်ပေါင်းစုံ ရစေပါသည်။
ယခု မငြိမ်းသာရဲ့ ရွှေနန်းတော် မှာ ရာဇ၀င်ဝတ္ထုရှည်များဖြစ်ပါသည်။ စုစုပေါင်း ၈ ပုဒ်ဖြစ်သည်။
၁။ ကုန်းဘောင်ခေတ် နောက်ခံသည့် ၀တ္ထုရှည်တပုဒ်ဖြစ်သည့် "မငြိမ်းသာရဲ့ရွှေနန်းတော်" မှ နို့ထိမ်းအမှုတော်ထမ်းမငြိမ်းသာရဲ့ဘ၀တစိတ်အကြောင်း
၂။ ကုန်းဘောင်ခေတ် မင်းတုန်းမင်းလက်ထက် တွင် ထင်ရှားကျော်ကြားသည့် စာဆို အချုပ်တန်းဆရာဖေ အကြောင်း ရေးသားထားသည့် "မန်းကနတ်မှာလ"
၃။ ပုဂံခေတ်နောက်ခံ ဖြင့် "တတိယအရိန္ဒမာ"၀တ္ထုရှည်
၎။ ကုန်းဘောင်ခေတ် နောက်ခံ သဘင်သည်မ မရွှေမြင် ၏သနားစရာဘ၀အကြောင်း၊ ခင်ပွန်းရှိလျက်နှင့်တော်ကောက်ယူသည့် ရနောင် မောင်မောင်တုတ်ကြောင့် ရှင်ကွဲကွဲခဲ့ရသူအကြောင်း ရေးသားထားသည့်ဝတ္ထုရှည် "တောဝယ်ကကြမ်း၊ မောတယ်လာ့ပန်း၊ ချော့တယ်ထစမ်း။"
၅။ တောင်ငူခေတ်နောက်ခံ နတ်သျှင်နောင်နှင့် ထိပ်ထားတို့၏ ဇာတ်လမ်းအကြောင်း ရေးသားထားသည့် ၀တ္ထုရှည် "နတ်သျှင်သူ့ကြောင့် တရေး မှောင်ခဲ့"
၆။ ကုန်းဘောင်ခေတ် နောက်ခံ အီနောင်ဇာတ်ကပြမည့် သဘင်အဖွဲ့မှ သဘင်ဝန် တူတော်သူ မောင်ရွှေအိုးအကြောင်း ရေးထားသည့် "ဘုန်းတော်ကြီး ထီးတရာ စကြ်ာစိုး မိုးဗြဟ္မာ"
