နှင်းနှင်း
#####ဆရာကြီးဦးသုခ၏ ဂုဏ်ရည်မတူ
မြန်မာရသ၀တ္ထုတွေထဲကတပုဒ်ဖြစ်သည့်
ဆရာကြီးဦးသုခရေးသည့် ဂုဏ်ရည်မတူ ၀တ္ထုသည်
ရင်ကိုလာထိသော စာတပုဒ်ပင်။ ဆရာကြီး၏ အရေးအသားညက်ညောမှုသည် ၀တ္ထုစဖတ်သည်မှဆွဲဆောင်သွားသည်မှာ အဆုံးထိ လက်ကမချနိုင်။မယ်သုံ
-------
အဓိကဇာတ်ဆောင်ဖြစ်သည့်မယ်သုံ
သူမဘ၀သည် ဘ၀ပေးကံခေလွန်းလှသည်။
စာရေးကြီးတဦးဖြစ်သည့်ဖခင်မှာ လေဖြန်းသဖြင့်
အလုပ်မလုပ်နိုင်တော့။ မိသားစုဘ၀အရေးအတွက် မယ်သုံဖခင်မှာ တရွတ်တိုက်ဆွဲကာ တောင်းစားပြီးလုပ်ကျွေးခဲ့လေသည်။ ဘ၀ကံခေလှတဲ့ မယ်သုံ မိခင်မှာဆုံးပါးသွားရသလို အကိုဖြစ်သူမှာလည်း ရူးပြီး အသက်ဆုံးခဲ့ရသည်။ ဖခင်မှာလည်း ကြာကြာမနေရဘဲ သေဆုံးသွားရသဖြင့် ငယ်ငယ်ကပင် မယ်သုံမှာဝမ်းစာအတွက်တောင်းစားနေရပါသည်။
ဆွေမသိမျိုးမရှိ ဘ၀ဖြင့်တယောက်တည်းရုန်းကန်နေထိုင်လာရင်း အတိတ်မေ့နေသူ ကိုကျော်ဝင်း တဖြစ်လဲ ကိုပေါက်စီ နဲ့ ဆုံပြီး ဘ၀တကွေ့ချိုးကြုံခဲ့ရလေသည်။
မိမိအရှက်နဲ့ဘ၀ကိုကယ်တင်သူ အဖြစ်၊ သနားစာနာရာမှ ပြန်လည်လုပ်ကျွေးရင်း နီးစပ်မိရာမှ အသည်းခိုက်အောင်ချစ်မိသွားရလေသည်။အတိတ်မေ့နေတဲ့ကာလတောက်လျောက် ပျော်ရွှင်စွာနေထိုင်ခဲ့ကြသလို တနေ့ ကိုပေါက်စီ၏ ဆွေမျိုးများနှင့်တွေ့ကြုံရာမှ သတိရအောင် ဆေးရုံပို့ပေးပြီးကုသပေးခဲ့ပြန်ပါသည်။
သတိရလာပြန်တော့ မိမိအားမေ့သွားသူ ကိုကျော်ဝင်း(ကိုပေါက်စီ)ကိုအပြစ်မမြင်ဘဲ သူ့ဘ၀ကောင်းရာမှာ နေပျော်ပါစေဆိုသည့် ချစ်သည့်စိတ်ကိုစတေးခံကာ မိမိရင်နာကျင်လျက်ဘဲ တယောက်တည်းကျိတ်ခံစားခဲ့ပါသည်။
ထိုဝေဒနာနှင့်ပင် ကိုယ်စိတ်နှလုံး မချမ်းမသာစွာနဲ့
မိမိထွက်သက်ချိန်မှာ လာရောက်လာသည့် ကိုကျော်ဝင်း ကိုပင် မစောင့်နိုင်ရှာခဲ့သည့်
သနားစရာမယ်သုံပင်။ကိုကျော်ဝင်း(ပေါက်စီ)
--------------
သတ္တုသူဌေးတဦးဖြစ်သူ လုပ်ကြံမှုတခုကြောင့် အတိတ်မေ့ပြီးမယ်သုံနှင့်ဆုံကာ ချစ်သက်ဝင်ခဲ့သူ။
သူ့ကိုအသက်တမျှချစ်သည့်မယ်သုံ၏ဆေးကုသပေမှုကြောင့်သတိပြန်ရလာရသူ။ သတိပြန်ရလာချိန်တွင် မိမိကို ကယ်တင်ခဲ့သည့်မယ်သုံကိုမမှတ်မိတော့။
မှတ်မိသည့်အချိန်၌ကား မယ်သုံလူ့လောက၌မရှိတော့။ အရာရာနောက်ကျ သွားရပြီဟု သိလိုက်ရသည့်အသိက သူ့ကိုတဖန် ပြန်လည်ရူးသွားစေခဲ့။
