ဒီစာအုပ်ကို မနေ့က challenge တဲ့သူ
ဆယ်ယောက်ကျော်ခဲ့ပါတယ်။
But ပြီးဆုံးအောင် ဖတ်ဖြစ်ခဲ့တဲ့သူ 3 ယောက်ပဲရှိပါတယ်။
Ren အမြင်အရဆိုရင် ဒီစာအုပ်က တော်တော်လေးဖတ်ဖို့ ခက်တဲ့စာအုပ်ပါ။ တောဓလေ့ နဲ့ ဇာတ် မင်းသမီးအကြောင်းကို ရေးထားတဲ့အပြင် စာ အရေးအသားက ဆရာမကြီးက ရှေးက ဖြစ်တဲ့အတွင် ခုခေတ် လူငယ်တွေ ဖတ်မယ်ဆိုရင် ခက်ခဲနိုင်မှာပါ။ ဇာတ် မကြိုက်တဲ့သူတွေ တော ရွာဓလေ့နဲ့ပတ်သတ်ပြီး မကြိုက်တဲ့သူတွေ ဖတ်ရင် အဆင်မပြေနိုင်ဘူးလို့ ယူဆပါတယ်။
ခုမှ စာ ဖတ်မယ်လို့တွေးထားတဲ့သူတွေကိုတော့ ဒီ စာအုပ်ကိုရှောင်ရှားစေချင်ပါတယ်။
စာအုပ်ကိုကြောက်သွားမှာစိုးလို့ပါ။
But စာကြီး ပေကြီးကို မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ဒီစာအုပ်က တန်ဖိုးမဖြတ်နိုင်တဲ့ အသိပညာ တွေကို ပေးနိုင်မှာပါ။
ပြီးဆုံးအောင်ဖတ်ပြီး REVIEW ပေးခဲ့တဲ့ စာဖတ်သမား (3) ယောက်ကိုလဲ ဂုဏ်ယူပါတယ်။ ဝန်ခံ ရ ရင် REN လဲ တစ်ဝက်ပဲ ပြီးခဲ့ပါတယ် ။
Here are Review Of Our Readers
မယ်
####
(အရင်ဆုံး ၀န်ခံရမှာက ဒီဝထ္ထုကို reviewရေးနိုင်တဲ့အရည်အချင်းမယ့်မှာလုံးဝမရှိဘူးဆိုတာပါပဲ) ဇာတ်လမ်းကတခေတ်တခါကတောမင်းသမီးလေးတွေရဲ့ဘ၀ကိုရှေးဇာတ်သီချင်းလေးတွေစေ့စပ်သေချာလွန်းတဲ့အရေးအသားတွေနဲ့ထိထိမိမိကိုပုံဖော်ထားတာမို့တကယ်လို့ သင်ဟာ ၀ထ္ထုဖတ်ချင်တဲ့သူတယောက်ဆိုရင်တော့ ဒီစာအုပ်ကိုမဖတ်တာကောင်းပါလိမ့်မယ်မျက်စိရှေ့မှာဖြစ်ပျက်နေတာကိုမြင်နေရသလိုခံစားနေရတာကြောင့် ဒီလိုစာမျိုးကိုရေးနိုင်တဲ့သူကိုတော့ အံ့သြချီးကျူးမိပါရဲ့ တကယ့်အဖြစ်အပျက်ကိုထိုင်ကြည့်နေရသလို နောက်ထက်ဖြစ်မယ့်အရာတွေကိုမခန့်မှန်းနိုင်တာကတော့တော်တော်ကိုဆိုရွားပါတယ် ပြင်းပြလှတဲ့သိချင်စိတ်ကိုထိန်းချုပ်ပြီး စာရေးသူရဲ့မာယာထဲမှာဖြည်းဖြည်းချင်းစီးမြောနေရတာမို့ တကယ်လို့သင်ဟာသိချင်စိတ်များတဲ့သူဆို ဒေါသပါဖြစ်လာနိုင်ပါသေးတယ် တကယ်တမ်းတော့ ထင်ထားတာတွေထက်ပိုတဲ့စာအုပ်ပေမို့ သာမာန်စာအုပ်တွေနဲ့တော့ကွဲလွဲနေပါတယ် အစပိုင်းသာဖတ်ကြည့်ရင်တော့ နောင်တတွေသာရနိုင်တာမို့ နောင်တမရချင်ရင်အဆုံးထိတော့ဖတ်နိုင်ဖို့လိုပါလိမ့်မယ်။
