ဘဝဟူသည် ( နတ်နွယ်)

245 11 0
                                    

Thurain Minkhant
ဘဝဟူသည် (နတ်နွယ်)
Review & thought

ဒီစာအုပ်လေးကကျ
လူ့သဘာဝနဲ့ကြမ်းတမ်းခက်ခဲတဲ့ဘဝအခြေအနေတွေအကြောင်းဆိုတော့ရသတမျိုးပါပဲ

စစလာချင်းမှာ
မကောင်းတဲ့အဖေနဲ့တွေ့ရလို့စိတ်ဆင်းရဲရတယ်ဆိုတာကိုယ့်အဖြစ်နဲ့တောင်တူတော့စိတ်မကောင်းဘူး

တချို့မိဘတွေကအတ္တကြီးတယ်လေ

စကားတခွန်းမှားတာနဲ့စိတ်လွတ်လက်လွတ်လုပ်လိုက်တာတွေ မလုပ်သင့်တာတွေ လူကြီးတွေဖတ်မိရင်တော့တမျိုးအသိရတာပေါ့

နောက်ပြီးဆေးသုတ်သမားလေးတွေရဲ့ဘဝကိုစာနာမိတယ်

ဘဝဆိုတာဒီလိုပဲကျော်ဖြတ်ရတာပါပဲလား ပင်ပန်းဆင်းရဲစွာပေါ့

ချမ်းသာတဲ့သူတွေကျတော့လဲချမ်းသာတဲ့အလျောက် နေထိုင်ရတယ်

ဆင်းရဲတဲ့သူကျတော့လဲလူတကာနှိပ်စက် အောက်ကျခံနေရတယ်

ဆိုးလိုက်တာ ဆိုးလိုက်တာ

လောကဓံကိုကြံ့ကြံ့ခံရင်ဆိုင်ရမယ်ဆိုတဲ့အသိတရားလေးရိုက်ထည့်ပေးလိုက်သလိုပါပဲ

စိတ်ထဲမှာအားအင်တွေထကြွလာတယ်

ကောင်လေးရဲ့မိန်းမအလှအပကိုဖွဲ့နွဲ့ထားပုံကလဲသဘောကျစရာပါ

လူတယောက်ကလုံးဝမပြီးပြည့်စုံနိုင်ဘူးဆိုသလိုပဲ

သူမမှာလဲလိုအပ်ချက်တွေရှိနေမှန်းဖော်ပြသွားတယ်

သေချာဖတ်ကြည့်မယ်ဆိုအများကြီးအသိပညာရနိုင်ပါတယ်

ကလီယိုဆုံးတဲ့အခန်းမှာလဲတော်တော်စိတ်မကောင်းဖြစ်ရတယ် ဆုံးသွားမယ်မထင်ထားမိဘူးလေ

မထင်ထားတာတွေဖြစ်အောင်ရေးတာကိုကစာရေးဆရာတွေဝသီထင်ပါရဲ့

ဘာဆက်ဖြစ်မလဲရင်တထိတ်ထိတ်နဲ့ဖတ်ရတာ

ကောင်လေးရဲ့ရိုးသားကြိုးစားမှုတွေကလဲလေးစားဖို့သိပ်ကောင်းတာပဲ

အချောင်မခိုတတ်ပဲအလုပ်အပေါ်လေးစားမှုထားတတ်တာလေးကအားကျစရာပါ

တခါတခါတော့ဖတ်ရင်းနဲ့လည်သွားတယ်
လူတွေနာမည်တွေကရှုပ်တော့လေ

14 Days 14 Books ChallengeWhere stories live. Discover now