ချစ်၍ခေါ်ရာ ( သိန်းဖေမြင့် )

129 8 0
                                    

နှင်းနှင်း
#####

#ဆရာသိန်းဖေမြင့် #ချစ်၍ခေါ်ရာ

ဆရာသိန်းဖေမြင့်၏ ၀တ္ထုကောင်းတွေထဲက ၀တ္ထုကောင်းတပုဒ်။ စစ်ပြီးခေတ်ကာလ၊လွတ်လပ်ရေးရကာစ ခေတ်ကာလ ကိုနောက်ခံထား ပြီးရေးဖွဲ့ထားသော ၀တ္ထုတပုဒ်။
ထိုခေတ်က တက္ကသိုလ်ကျောင်းသူ၊သား တို့၏ ကျောင်းပညာလေ့လာဆည်းမှုပုံစံများ၊ ဗိုလ်ချုပ်နဲ့ အပေါင်းပါတို့ လုပ်ကြံခံရသည့်အကြောင်း ကိုလည်း သမိုင်းနောက်ခံအနေဖြင့် ၀တ္ထုတွင်ရေးသားဖော်ပြပြီး ထိုခေတ်က မြန်မာပြည်သူပြည်သား များ၏ ၀မ်းနည်းပူဆွေးမှုကိုလည်း ရေးသားပုံဖော်ထားမှု၊
မြန်မာ့ဂီတ အကြောင်း စောင်းတူရိယာဖြင့် တီးခတ် သီဆိုမှုအကြောင်း မြန်မာ့ဂီတသီချင်းအကြောင်း ကိုလည်း ရေးသားဖော်ပြထားမှု၊ ဒီးဒုတ်ဦးဘချို တို့ လင်မယား တို့ မြန်မာ့ဂီတကိုအလေးထားပုံတို့ကိုလည်း တစေ့တစောင်းဖော်ပြထားခြင်း၊ အနောက်တိုင်းဂီတ ကို မြန်မာဂီတဖြင့်ပေါင်းစပ်ပြီး ဂီတလမ်းသစ် လုပ်ဆောင်ကြမှုကိုလည်း ဖော်ပြရေးသားထားခြင်း၊ လူငယ်တို့ချစ်ခြင်း အကြောင်းအခြေခံပြီးရေးဖွဲ့သောဝတ္ထုဖြစ်သည့်အတွက် ချစ်ခြင်းမေတ္တာအကြောင်းကို ရေးဖွဲ့ထားခြင်း၊ နီးစပ်ရာကိုလိုက်ပြီး စိတ်ပြောင်းတတ်သည့် လူငယ်တဦး၏ ချစ်ခြင်းနှင့် သစ္စာတရား၊ စိတ်လိုက်မာန်ပါဆုံးဖြတ်သည့်ကိစ္စ သည် ခဏတာအတွက်သာဖြစ်ကြောင်း၊ သစ္စာရှိစွာ နဲ့နားလည်ပေးသည့် ချစ်သူကောင်မလေးအပေါ် သစ္စာမဲ့ခဲ့ရမှုအတွက်စိတ်မကောင်းဖြစ်ရမှုများ၊ သစ္စာရှိစွာဖြင့် ချစ်သူ၏လုပ်ရပ်အမျိုးမျိုးကို နားလည်ခွင့်လွတ်ပေးပြီး သစ္စာစောင့်သိပေးခဲ့မှုများ၊ ချစ်၍နားလည်ပေးမှုမှုကြောင့် နောက်ဆုံး ရွေးချယ်မှုမှန်ကန်စွာပြုခဲ့ပြီး ချစ်၍ခေါ်ရာ လိုက်ပြီး ဘ၀တခုလျှောက်လှမ်းသည့်အကြောင်းရေးဖွဲ့ထားသည့် ဆရာသိန်းဖေမြင့်၏ ချစ်၍ခေါ်ရာ ၀တ္ထုတပုဒ်ဖြစ်ပါသည်။

နှင်း
13 Apr 2019
#14#Days#14#Books#Challenge


Thurain Minkhant
#######

ချစ်၍ခေါ်ရာ
(သိန်းဖေမြင့်)
{review & thought}

ဇာတ်သိမ်းကောင်းပါတယ်ဗျာ

ပထမတော့ကွဲပြီထင်နေတာ

ကိုယ်သာဆိုခွင့်လွှတ်နိုင်မှာမဟုတ်ဘူးလေ ဘယ်လောက်ချစ်ချစ်

ဒီလိုမကောင်းတဲ့ယောင်္ကျားမျိုးချစ်ဖို့မကောင်းပါဘူးဗျာ

စစလာချင်းတော့ ဝင်းလေးစောင်းတီးပုံ
ပင်ကိုဟန်အလှအပကိုဖွဲ့နွဲ့ထားတာကြွေဆင်းသွားတယ်

ဒီလိုမိန်းကလေးကိုချစ်မိတာမဆန်းပါဘူးပေါ့ဗျာ

ယောင်္ကျားတွေစိတ်ကလဲတယ်မမှန်သကိုး
အနေနီးတာနဲ့ကပ်ပါသွားချင်ကြပြီ

လူဆိုတာမှားတတ်တယ်
ဟုတ်တယ်
ဒါပေမဲ့အသိဥာဏ်မရှိတာမှမဟုတ်တာ

၁ခါလဲမဟုတ် ၂ခါတောင်

ဒီလောက်လှတဲ့မိန်းကလေးနဲ့ချစ်သူဖြစ်နေပါလျက်

ဒေစီနဲ့လဲဟိုလိုလိုဒီလိုလို

ဒေစီ့ကိုလဲနားမလည်နိုင်ဘူး
သဘောမကျဘူး

မလှတင့်ကောပဲ

ပစ္စည်းဥစ္စာတွေကိုပထမနေရာထားပြီးမက်မောကြတယ်

ကိုမျိုးမြင့်ဒီလိုတွေခံစားရတာလဲမိန်းကလေးတယောက်အပေါ်သစ္စာဖောက်လို့ထိုက်သင့်တာရတယ်ထင်တာပဲ

သူ့ကိုဘယ်သူကမှဘဝလို့သတ်မှတ်ပြီးမချစ်ကြဘူးလေ ဝင်းလေးလိုမျိုး

ဝင်းလေးကိုလဲတကယ်သနားပါတယ်

နောက်ဆုံးမျိုးမြင့်ကမယောင်မလည်လိုက်လာတော့ခွင့်လွှတ်လိုက်တာကိုမကျေနပ်ဘူး

နောက်ပြီး

အရွယ်ရောက်မိန်းကလေး
ဝင်း ကိုစော်စော်ကားကားပြောပုံတေ

ွရေးထားတာကိုယ်တောင်ဒေါသထွက်မိတယ်

လူတွေများကိုယ်ချင်းမစာမနာပြောရက်လေခြင်း

ဝင်းလေးကို
ကိုပြုံးချိုနဲ့ရပြီးစိတ်ချမ်းချမ်းသာသာနေနိုင်မယ်ထင်တာ

မဟုတ်ရပြန်ဘူး
မျိုးမြင့်ကြီးနဲ့ပြန်ရတယ်

အင်းပေါ့လေ ချစ်တော့လဲ

ချစ်၍ခေါ်ရာနောက်ကောက်ကောက်ပါအောင်လိုက်လေရောပေါ့

•••Just my opinion•••

#ချစ်၍ခေါ်ရာ
#သိန်းဖေမြင့်
#Review & thought
#Thurein


14 Days 14 Books ChallengeWhere stories live. Discover now