မောင့်နှမ မြနန္ဒာ (ကြည်အေး)

136 9 0
                                    

မောင့်နှမမြနန္ဒာ
(ကြည်အေး)
{Review & thought}

မောင့်နှမမြနန္ဒာစဖတ်တော့ဖဲဝိုင်းကစရေးထားတာသိပ်တော့သဘောမကျဘူးဗျ

လောင်းကစားဆိုတာမကောင်းတဲ့အရာလေ

ဒါပေမဲ့မြနန္ဒာဘယ်လိုချောဘယ်လိုလှကြောင်းရေးထားတာကတော့တကယ်ပါပဲဗျာ

ကိုယ်တောင်ဘယ်လောက်များလှပါသလဲလို့ပြေးကြည့်ချင်မိသွားတယ်

မြနန္ဒာရဲ့စိတ်နေစိတ်ထားနဲ့စရိုက်တွေကနားမလည်နိုင်အောင်ပါပဲဗျာ

ချစ်စိတ်မရှိဘူးလို့ပြောပေမဲ့သူယူတဲ့ကိုကိုကိုတော့ချစ်ရှာပါတယ်

မနာလိုစိတ်ဆိုတာအချစ်ကြောင့်ဖြစ်တာလေ

သူတို့မိသားစုလေးပျော်ရွှင်နေပုံရေးထားတာကိုဖတ်ရင်းအားကျမိတယ်

မြနန္ဒာတို့လင်မယားရန်ဖြစ်ခန်းမှာ ရိုက်နှက်တာပါလာတော့စိတ်မကောင်းဖြစ်ရတယ်

မိန်းမသားတယောက်ကိုဒီလိုမလုပ်သင့်ဘူးလေ

ယောင်္ကျားတွေမကောင်းဘူး မိန်းမလိုက်စားတာလောက်ကိုယ်မုန်းတာမရှိဘူး

ယူထားတဲ့ချောချောလှလှလေးမှမစာမနာဗျာ

ဖြစ်နိုင်မယ်ဆို လင်း နဲ့သာမြနန္ဒာကိုသဘောတူချင်တာ

ရတာကတယောက်ဖြစ်နေတယ်

တပိုင်းတပိုင်းမှာကဗျာလေးတွေကိုထည့်ရေးထားတာလဲတွေ့ရတယ်

လိုက်ဆိုကြည့်ရင်းသဘောကျမိတယ်

ကဗျာလေးတွေကချစ်စရာလေးတွေ

ကိုယ်လဲကဗျာစပ်ဝါသနာပါတယ်လေ

ဝတ္ထုထဲမှာတော့အတွဲတွေအများကြီးဆိုတော့လိုက်မမှတ်နိုင်ဘူး

ဒါပေမဲ့လင်မယားတွေစနောက်ကြီစယ်ခန်းကျသဘောကျပြီးချစ်မိပြန်ရော

လင်မယားဆိုတာအဲ့လိုလေးမှအဆင်ပြေမှာလေ

ကိုကို့နှမမြနန္ဒာထက်မောင့်နှမမြနန္ဒာကိုပိုသဘောကျမိပါတယ်ဗျာ

just my opinion

#မောင့်နှမမြနန္ဒာ
#ကြည်အေး
#Review & thought
#Thurein


နှင်း

#ကြည်အေး #မောင့်နှမမြနန္ဒာ

ဆရာမကြည်အေးသည် ထူးခြားစွာရေးတတ်သည့် သူ့စာရေးဟန် အတိုင်း မောင့်နှမ မြနန္ဒာ ကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးထားပြန်ပါသည်။
မြနန္ဒာ ၁၊၂၊၃ ဆိုပြီး အပိုင်းသုံးပိုင်း ဖြင့်ဝတ္ထုကိုရေးထားသည်။ အဓိက ဇာတ်ဆောင် မြနန္ဒာကို တည်ပြီး မြနန္ဒာနှင့်ဆက်စပ်ရာ အသိုင်းအ၀ိုင်းမှ အပေါင်းအသင်းတို့၏ စိတ်နေသဘောထား၊ စရိုက်၊အတွေး စသည်တို့ကို မငြီးငွေ့ရလေအောင် အချိတ်အဆက်မိမိရေးသားထားခြင်းသည် ဆရာမကြည်အေး၏ ထူးခြားသည့်ဟန်ပင်။
ချမ်းသာသော်လည်း စိတ်မချမ်းသာရသည်မျိုး၊ ရရှိသည့် ဘ၀နှင့်မရောင့်ရဲတတ်ခြင်းမျိုး၊ စိတ်ကူးအိပ်မက်နှင့် လက်တွေ့ကွာဟတတ်မှုမျိုး၊
အိမ်ထောင်ရေးခံယူချက်၊  ချစ်ခြင်းမေတ္တာ နှင့် အိမ်ထောင်ရေးဆက်စပ်မှုတွင် ဖြစ်တတ်သည့်အကြောင်းအရာမျိုး၊ စသည်ကို ဆရာမ က အတွေးစုံ ရှုထောင့်စုံ လူပေါင်းစုံတို့ဖြင့် ၀တ္ထုကို ရေးဖွဲ့ဖန်တီးထားပါသည်။ ဆရာမကြည်အေး၏ ၀တ္ထုတို့တွင် ဆရာမသည် ကဗျာလေးများ ရေးထည့်တတ်သည်ဖြစ်ရာ ယခု မောင့်နှမ မြနန္ဒာ ၀တ္ထုတွင်လည်း ဆရာမ လက်ရာ ကဗျာကောင်းများကိုလည်း ဖတ်ရှုရမည်ဖြစ်ပါသည်။

နှင်း
14Apr2019
#ကြည်အေး #မောင့်နှမမြနန္ဒာ
#14#Days#14#Books#Challenge

14 Days 14 Books ChallengeWhere stories live. Discover now