သပြေ
(ခင်နှင်းယု)
{Review & thought}
စိတ်မကောင်းဘူးဗျာ
ဇာတ်သိမ်းကထင်သလိုမဟုတ်ဘူး
ခုတလောဖတ်ဖြစ်တဲ့စာအုပ်ကမိန်းကလေးတွေကိုအထူးပြုခံစားရေးထားတဲ့အကြောင်းတွေချည်းပဲ
အခုလဲ သပြေ(မလေးမေ)အကြောင်း
အရင်ခေတ်ကဆိုတော့နာမည်ကခပ်ရိုးရိုးလေး ခေါ်လို့ကောင်းတာလေးပေါ့
သူ့ဘဝ အခြေအနေ
ယောင်္ကျားစီကအချစ်ကိုမရတဲ့သနားစရာမိန်းကလေးတယောက်အကြောင်းရေးထားတာအရမ်းစိတ်မကောင်းစရာပဲ
စစရေးချင်းသူရောက်လာတဲ့အိမ်ကြီးသာယာပုံကကိုယ်တောင်သွားနေချင်လောက်အောင်ပါပဲ
စမ်းချောင်းလေးတွေဆိုကိုယ်ကသိပ်သဘောကျတာ
မျက်လုံးထဲမြင်ယောင်ပြီးသွားချင်လိုက်တာများပြောမနေပါနဲ့တော့
နောက်ကျမှသိရတာက သပြေ့အဖေကလဲကောင်းတဲ့သူမဟုတ်
သမီးအပေါ်တော့ချစ်ပါရဲ့
သူ့သမီးအတွက်မွေးနေ့လက်ဆောင်ပေးတဲ့အခန်းမှာသားအဖ၂ယောက် ငိုကြ စိတ်မကောင်းကြတာ
ကိုယ်တောင်ငိုချင်လိုက်တာရယ်
ပုထုဇဉ်တွေဆိုတော့လဲအပူတွေဘယ်ကင်းပေမလဲ
အမှားတွေဘယ်ကင်းပေမလဲ
အမှားသိပြီးအမှန်ပြင်ဖို့ပဲလိုတာ
ဒီ့နောက်မှာကိုဝင်းမောင်ကိုနားမလည်တာမှတကယ်နားမလည်တာ
ဘာကြောင့်မလေးမေအပေါ် မိန်းမသားတယောက်အပေါ် ရက်စက်နိုင်ရတာလဲ
စကားလုံးတွေနဲ့နှိပ်စက်တာများ
ကိုယ်တောင်ဖတ်ရတာရင်တနုံ့နုံ့
ကိုယ်ချစ်တဲ့သူကကိုယ့်အပေါ်မုန်းသလို ရွံသလိုဆက်ဆံတာမျိုး
အရမ်းခံရခက်တာပဲ
မလေးမေကနှလုံးအားနည်းတဲ့သူဆိုတော့ပိုဆိုးတာပေါ့
ဘယ်ခံစားနိုင်ရှာမလဲ
ဒီလောက်သည်းခံတာပဲ
တော်လှချည်ရဲ့
တကယ်တော့ကိုဝင်းမောင်ချစ်တယ်ဆိုတာမနာလိုဖြစ်နေတဲ့အမူအရာတွေကြည့်ရင်သိသာပါတယ်
