အိမ်
အိမ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရှာကြည့်ဖူးတယ်ဘယ်နေရာပဲ ရောက်ရောက် ..
အမြဲတမ်း သတိရနေမိတဲ့ အသိုက်အမြုံလေးနွေးထွေးမှုတွေနဲ့ ကိုယ့်ကို အမြဲတမ်း လက်ကမ်းကြိုနေတဲ့
ချစ်ခြင်းတွေနဲ့ ပြည့်နှက်နေတဲ့နေရာလေး ..သေခါနီးလူတွေတောင် ..
သေဖို့အတွက် ခေါင်းချချင်တဲ့ နေရာလေး .. ။အဓိပ္ပယ် ဖွင့်ဆိုချက်တွေ အများကြီး ရှိတယ် ။
ဒါပေမယ့် ..
မကြာခင်မှာ သေရတော့မယ့် ကျွန်မအတွက်
သတိရမိတဲ့ .. အိမ်
နွေးထွေးမှုတွေနဲ့ ကြိုနေမယ့် အိမ်
ချစ်ခြင်းတွေ ပြည့်နှက်နေတဲ့ အိမ် ..
ပြန်သွားစရာ .. အိမ် မရှိခဲ့ဘူးတဲ့လေ ။လက်ထဲက စာရွက်အကြေလေးကို
နောက်တစ်ကြိမ် ပြန်ဖြန့်ကြည့်လိုက်သည် ။ယု ဆိုတဲ့နာမည်ကတော့ ကျွန်မနာမည်
ဦးနှောက်ထဲက အကျိတ်လေးရဲ့ နာမည်က
Cancer တဲ့ .. သူတို့ပြောတာပဲ ... ။ကြိုဆိုပါတယ် ..
ကျွန်မ မကြိုဆိုလည်း .. ကျွန်မ ဦးနှောက်ကို
သူ့အိမ် လို့ သတ်မှတ်ထားခဲ့ပြီပဲ .. ။
အကြာကြီး ... မနေရပေမယ့်
ကျွန်မ သေတဲ့အထိ အတူရှိသွားရမယ့်
ကျွန်မရဲ့ ပထမဆုံး မိသားစုဝင်လေး .. ။"အဟက် "
နာကျည်းခြင်း .. ဝမ်းနည်းခြင်း မပါပဲ
ကျွန်မ ရယ်မောလိုက်မိတယ် .. ။
ဘာခံစားချက်မှလည်း .. မပါပဲနဲ့ပေါ့ .. ။သေခါနီးပြန်စရာ အိမ် မရှိဘူး
နွေးထွေးစွာကြိုနေမယ့် .. မိသားစုဝင် မရှိဘူး
သေသွားရင်တောင် ငိုကြွေးမယ့်သူ မရှိဘူး ..အဲ့လို လူတစ်ယောက်အတွက်
သေခြင်းတရားရောက်လာပုံက
မခမ်းနားလိုက်တာ ..
သူ့အတွက် ဝမ်းနည်းပေးမယ့်သူ မရှိလို့လေ ။
ကျွန်မ ကိုယ်တိုင်တောင်
ကျွန်မရဲ့ သေခြင်းအတွက် .. ဝမ်းနည်းမနေဘူးလေ။
အဲ့သေခြင်းတရားက .. စိတ်ညစ်နေတော့မှာပဲ .. ။
YOU ARE READING
အိမ် (HOME) Pure GL
Short Storyခင်ဗျားတို့မှာရော .. အိမ် ရှိလား အဓိပ္ပါယ် တစ်ခုခု ရှိစေတဲ့ အိမ် ပေါ့