"မင်း ဆယ်တန်းအောင်ပြီးပြီဆိုတော့
တက္ကသိုလ် မတက်ခင် သင်တန်းလေး တက်ချင်တာ ရှိလား""ဟင့်အင်း မရှိပါဘူး "
"တစ်ခုခုတော့ တက်လေ ..
ငါ မင်းကို အိမ်မှာ နေ့တိုင်း တွေ့နေရတာ ခေါင်းကိုက်လို့"စကားကို နူးနူးညံ့ညံ့ ပြောလေ့မရှိတဲ့ ကျွန်မက
ထုံးစံအတိုင်း .. စိတ်ထဲက မပါတဲ့ စကား ပြောမိပြန်ပြီ ။"မမ ကလည်း အိမ်လေး က မမ ကို
ခေါင်းကိုက်အောင် ဘာတွေလုပ်နေလို့လဲ "ဆိုပြီး မျက်နှာလေးက .. ငိုမဲ့မဲ့နဲ့
အဲ့ဒါတွေ ဒီကလေးမ ကို စိတ်မချတာ . ။"မမ မမြင်ချင်ဘူးဆိုရင်
သင်တန်းတစ်ခုခု တက်ပါ့မယ် ၊
အင်္ဂလိပ် စကားပြော သင်တန်း တက်ရမလား""အင်း .. သဘောပဲ မနက်ဖြန်
သွားအပ် ပိုက်ဆံပေးလိုက်မယ် ""ဟင် .. မမ လိုက်အပ်ပေးမှာ မဟုတ်လား "
"ဒီမှာ မင်း အသက် ၁၆ နှစ်ပဲ ရှိနေပြီ
ကိုယ့်ဘာသာ အားကိုးတတ်အောင် ကြိုးစားအုံး""အိမ်လေးမှာ အားကိုးစရာ မမ ရှိတာပဲကို "
ပထမဆုံးအကြိမ် အဖြစ်
ဘယ်ဘက် ရင်အုံဆီက လှုပ်ခနဲ
ဘာဖြစ်သွားတာပါလိမ့် .. ။
အဲ့ဒီ စကား တီတီတာတာ တွေကြောင့်
အလျှော့ပေးလိုက်လို့တော့ . မဖြစ်သေးပါဘူး"ငါ မအားဘူး .. တစ်ယောက်တည်းသွား
ဖုန်း ယူသွား .. အဆင်မပြေရင် ဖုန်းဆက်လိုက်""ဟုတ်"
ကျွန်မပြောသမျှ လက်ခံ မှာကိုများ
တစ်ခုခု အထွန့်တက်လိုက်ရမှ .. ။အိမ်လေး သင်တန်းသွားရင်
ကျွန်မ တစ်ယောက်တည်း.ကျန်ခဲ့တော့မှာ
ဟင် .. ဘာထူးဆန်းလို့လဲ
တစ်သက်လုံး တစ်ယောက်တည်း နေလာခဲ့တာပဲကိုဖုန်းအသစ်လေး ထုတ်ပေးရင်းနဲ့
သင်တန်းသွားဖို့ ပြင်ထားတဲ့ ကောင်မလေးကို ကြည့်မိသည်။
စကပ်အရှည်လေးနဲ့ တီရှပ်ရိုးရိုးလေးပဲ ဝတ်ထားတာပဲ
ဒါပေမယ့် .. ချစ်စရာကောင်းလိုက်တာ
ငယ်ရွယ်မှုကြောင့် ဖြစ်မယ်ထင်ပါတယ် ။
YOU ARE READING
အိမ် (HOME) Pure GL
Short Storyခင်ဗျားတို့မှာရော .. အိမ် ရှိလား အဓိပ္ပါယ် တစ်ခုခု ရှိစေတဲ့ အိမ် ပေါ့