"မမ အိမ်လေး စာမေးပွဲအောင်တယ်
AllD နဲ့တောင် အောင်တာ မမ ရဲ့ ..
အိမ်လေးက လိမ္မာပြီး တော်တယ် လို့ မပြောခဲ့ဘူးလား"မမ ရှေ့မှာ အိမ်လေး ပျော်နေရမှာ အားနာပေမယ့်
အိမ်လေး .. ဝမ်းနည်းပြနေရင် ..
မမ ပဲ နေရခက်မှာ စိုးလို့ ပျော်ချင် ဟန်ဆောင်ရသည်။အိမ်လေး ဆယ်တန်းအောင်တာလဲ မလိုချင်ဘူး
All D လည်း မလိုချင်ဘူး .. ။
ဦးလေးတွေ ပြန်လာခေါ်မှာကိုတောင် မလိုချင်ဘူး ။
အိမ်လေး .. မမ ရဲ့ အပြုံးတွေကိုပဲ လိုချင်တာ ။အခုလည်း မမ သူ့ဝေဒနာကို မေ့ထားပြီး
အိမ်လေး အတွက် ပျော်ပေးနေတာ ။
အိမ်လေးက .. အရမ်းတော်တာပဲ . ဆိုပြီး တဖွဖွ"အိမ်လေး ကို မမ အခု စိတ်ချပြီ "
"အိမ်လေးက စာပဲ တော်တာ မမရဲ့ ..
အိမ်လေး .. ကျန်တဲ့နေရာမှာဆို အရမ်းတုံးတာ "အိမ်လေး ကို စိတ်ချသွားပြီဆိုပြီး
မမ .. ထွက်သွားရင် ဘယ်လိုလုပ်မလဲ .. ?"အား!!"
"မမ .. မမ အရမ်းကိုက်လို့လား ..
ဆေး .. ဆေး .. ဘယ်မှာလဲဟင် .. "အိမ်လေး သိနေတာကို မမ မသိအောင် လျှို့ဝှက်ချင်ခဲ့ပေမယ့် ..
ခုလိုမျိုး .. မမ ဝေဒနာ ခံစားနေရတဲ့အချိန်မှာ
အိမ်လေး .. ဟန်မဆောင်နိုင်ခဲ့ဘူး .. ။
မမ ရဲ့ ဆေး တိုက်ပြီး ..
အိမ်လေးရဲ့ ပုခုံးမှာ မှီထားစေလိုက်သည် ။မမ ခန မှီထားပြီးမှ ..
သတိပြန်ရလာသည် ထင်ပါရဲ့ .. ။"မင်း .. သိနေတာလား .. " ဆိုပြီး
အိမ်လေးကို စူးစူးဝါးဝါး နဲ့ကို ကြည့်နေတာ
အိမ်လေး .. ကြောက်တယ်
မမ မုန်းသွားမှာကို သေရမှာထက် ကြောက်တယ် ။"အိမ်လေး .. သိလို့ မရဘူးလားဟင်
မမ တစ်ယောက်တည်း .. ခံစားနေရမှ ဖြစ်မှာလား .. "
အိမ်လေး .. က မမ ရဲ့ မိသားစုဝင်ပဲ ကို .. "မမ တစ်ချက်ရယ်သည် ။
မမ ရယ်ရင် လှတယ်ဆိုတာ သိပေမယ့်
အခုက ကြောက်စရာ ကောင်းသည် ။
ESTÁS LEYENDO
အိမ် (HOME) Pure GL
Historia Cortaခင်ဗျားတို့မှာရော .. အိမ် ရှိလား အဓိပ္ပါယ် တစ်ခုခု ရှိစေတဲ့ အိမ် ပေါ့