ကျွန်မ အတွက် အိမ်လေး ရှိလာပြီ .. ။
ချစ်ခြင်းနဲ့ နွေးထွေးတဲ့ အိမ်လေး ..
ဘယ်နေရာရောက်ရောက် သတိရမိတဲ့ အိမ်လေး
သေခါနီးအချိန်မှာ
အတူရှိနေချင်တဲ့ .. အိမ်လေး . ။
သက်ရှိ အိမ်လေး .. ❤ပြီးတော့ ..
ချစ်ခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ သက်မဲ့အိမ်လေးရော ❤"အကိုက်အခဲ ပျောက်ဆေးကို
ခေါင်းကိုက်မှ သောက်တာထက် ..
ပုံမှန် နှစ်ကြိမ် သုံးကြိမ်အထိ သောက်ပေးရတယ်တဲ့"ဘယ်က ကြားလာမှန်း မသိတဲ့ ..
ဗဟုသုတ လေးနဲ့ .. ဆရာမကြီး လုပ်ပြီး
ဆေး ပုံမှန်တိုက်တော့သည် ။
ကျွန်မလည်း .. ကိုက်ခဲရတဲ့ အချိန် နည်းလာသည်။"မမ အိမ်လေး နဲ့ Date လုပ်ရအောင် " ဆိုပြီး
ကျွန်မ တစ်ခါမှ မရောက်ဖူးတဲ့ ..
ရုပ်ရှင်ရုံလည်း ရောက်သည် ။
ကစားကွင်းလည်း .. ရောက်သည် ။
ပန်းခြံတွေထဲ ကန်တော်ကြီးဘေးက ခုံတန်းလေး
နေရာအစုံရောက်ဖူးတော့သည် ... ။ဒီ့ထက် စောစောသာ အိမ်လေးနဲ့တွေ့ခဲ့ရင်
အတူရှိရမယ့် အချိန်တွေ ဒီ့ထက် ပိုများမှာပဲ .. ။
အချိန်လေးတွေက နှမြောစရာ ကောင်းလိုက်တာ
တစ်သက်လုံး ကုန်ခဲလွန်းတဲ့ အချိန်တွေဟာ
အိမ်လေး နဲ့ အတူရှိတဲ့ အချိန်တွေက ကုန်မြန်လိုက်တာဒါပေမယ့် .. အတူရှိတဲ့အချိန်လေးမှာ
ကျွန်မတို့ ခနလေးတောင် ခွဲမနေကြပါ ။
ထမင်း အတူတူ စားကြသည် ။
အတူတူ .. တင်းတင်းကျပ်ကျပ် ဖက်ပြီး အိပ်ကြသည်။အတူတူ မရှိနေတဲ့
ရေချိုးတဲ့အချိန် နဲ့ .. သန့်စင်ခန်းဝင်တဲ့ အချိန်တွေမှာ
အသံမထွက်အောင် ကြိတ်ငိုဖြစ်ကြတာ ..
အိမ်လေး ရော ကျွန်မရော .. ကိုယ်စီ သိကြပေမယ့်
အဲ့အကြောင်း စပ်လို့ပင် မပြောဖြစ်ကြ .. ။"မမ .. ဟာသကား ကြည့်မလား "
"ဟင့်အင်း .. Drama ကားပဲ ကြည့်ချင်တယ်"
VOCÊ ESTÁ LENDO
အိမ် (HOME) Pure GL
Contoခင်ဗျားတို့မှာရော .. အိမ် ရှိလား အဓိပ္ပါယ် တစ်ခုခု ရှိစေတဲ့ အိမ် ပေါ့