အိမ်
ကျွန်မ တစ်ယောက်တည်း နေတဲ့အိမ်ကို ခေါ်လာခဲ့တော့
အံ့ဩ တကြီး ကြည့်ရှာသည် ။"မမ တစ်ယောက်တည်း နေတာလား "
"အင်း"
"အခန်းနှစ်ခန်းရှိတယ်
ဟိုဘက်အခန်းမှာ မင်း နေလို့ရတယ်
ငါ့အခန်းကိုတော့ ငါ့ခွင့်ပြုချက်မရပဲ မဝင်နဲ့ ""စိတ်ချပါ မမ ရဲ့ အိမ်လေးက လိမ္မာပါတယ်"
"လိမ္မာတယ်ဆိုရင် သူတို့က မင်းကို
ဘာလို့ စွန့်ပစ်ကြတာလဲ .. "ကျွန်မ မေးခွန်း မှားသွားတယ်ဆိုတာကို
ကောင်မလေး မျက်နှာပေါ်က အပြုံး ပျောက်ကွယ်သွားမှ
သိလိုက်ရလေသည် ။"Arr . Sorry "
"ရပါတယ် မမ လည်း သိသင့်ပါတယ်
ဒါမှ .. မမ အိမ်လေးကို ဆက်ခေါ်ထားလို့ ရမရ
ဆုံးဖြတ်လို့ရမှာပေါ့ .. "ခေါင်းလည်းမငြိမ့် ခေါင်းလည်းမခါပဲ
ဆက်နားထောင်နေတော့မှ မျက်နှာငယ်လေးနဲ့ ပြောပြရှာသည် ။"အိမ်လေးကြောင့် .. အိမ်လေးဖေဖေ နဲ့ မေမေ သေရတယ်ဆိုပြီး .အိမ်လေးကို ဂြိုလ်ဆိုးလို့ သတ်မှတ်ထားကြတာ
မကောင်းတာ တစ်ခုခုဖြစ်တိုင်း ..
အိမ်လေး က ခိုက်တယ် လို့ပဲ ထင်နေကြတာ "လူတွေကလည်း ..
နည်းအမျိုးမျိုးနဲ့ကို .. စွန့်ပစ်ကြတာပါပဲလား .. ။"အိမ်လေးကြောင့် မမ မှာဂြိုလ်ဆိုး ဝင်မှာစိုးရင်
အိမ်လေး ကို လက်မခံပဲထားလို့ ရပါတယ် "အဟက် .. သေရတော့မယ့်လူအတွက်
ဂြိုလ်ဆိုး ဆိုတာ ရှိပါတော့မလား .. ။"ရပါတယ် .. ငါကလည်း ဂြိုလ်ဆိုး ပဲဆိုတော့
အတူနေလို့ရတာပေါ့ ""မမ ကရော ဘာလို့ တစ်ယောက်တည်းနေတာလဲဟင် "
"ငါက Broken Family ကလေ
ငါ့အမေ က ဘယ်ရောက်နေလဲတောင်မသိဘူး
ငါ့အဖေ က နောက်အိမ်ထောင်နဲ့ သာယာနေပြီ
ူငါ့ ချစ်သူက .. ငါ့ထက် လှပြီး ချမ်းသာတဲ့
ကောင်မလေး နဲ့ တွဲသွားပြီ ..
အဲ့တော့ .. ငါက တစ်ယောက်တည်းပေါ့ .. "
YOU ARE READING
အိမ် (HOME) Pure GL
Short Storyခင်ဗျားတို့မှာရော .. အိမ် ရှိလား အဓိပ္ပါယ် တစ်ခုခု ရှိစေတဲ့ အိမ် ပေါ့