အိမ်လေး ❤
"မမ . သမီး ကို အိမ်ပြန်ပို့ပေးပါလား "
ကိုယ့်ဘာသာတောင် ပြန်စရာ အိမ်မရှိလို့
လျှောက်သွားနေတာ .. ။
ခု ကျွန်မလက်ကို လာဆွဲနေတဲ့ ကောင်မလေး
ကြည့်ရတာ ဆယ့်လေးငါးနှစ်လောက် ရှိပြီ ထင်တာပဲ
ကလေး လည်း မဟုတ်ပါပဲ အိမ်ပြန်ပို့ပေးပါလား ဆိုတော့ .. ။"ဒီမှာ .. နင့်နာမည် ဘယ်လိုခေါ်လဲ "
ကျွန်မ နှုတ်က စကားသံ ကြမ်းကြမ်းကြောင့်
နည်းနည်း လန့်သွားဟန်တူသည် ။"အိမ်လေး .. ပါ ... မမ "
ဘာရယ် .. အိမ်လေး ဆိုတဲ့ နာမည်နဲ့
အိမ်ပျောက်နေတဲ့ ကလေးမလေးက . ထူးဆန်းသား"အိမ် .. နင့်မှာ အိမ်မရှိဘူးလား .. "
"ရှိတာပေါ့ .. ဦးလေး ဒေါ်လေး နဲ့ နေတဲ့အိမ် ..
ဒီကို ဘုရားဖူးခေါ်လာပြီး .. လူစုကွဲသွားလို့ ..
အခု .. အိမ်လေး .. အိမ်မပြန်တတ်တော့ဘူး .. "ကောင်းရော ..
ကိုယ့်ဘာသာတောင် သေစရာ အိမ်မရှိလို့ စိတ်ညစ်နေပါတယ်ဆို
ဘယ်မှာမှန်းမသိတဲ့ သူများအိမ် လိုက်ရှာပေးရမှာလား
ဝေးသေး .. ။"ဒီမှာ .. တခြားသူ ကို အကူအညီတောင်းပါလား
ကိုယ်က .. တခြားသူကိစ္စ စိတ်မဝင်စားတတ်လို့ .. "စကားကို တမင် တင်းမာနေအောင် ပြောလိုက်တော့ ..
မျက်နှာငယ်လေးနဲ့ ထွက်သွားပြီး ..
တခြားသူကို အကူအညီတောင်းနေပြန်သည် ။"ဦးလေး .. သမီးကို အိမ်ပြန်ပို့ပေးပါလားဟင် "
ဘာဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားမိသားပဲ .. ။
"လိုက်ပို့မှာပေါ့ .. အိမ်မဟုတ်ဘူး ..
နတ်ပြည်လိုနေရာအထိ ပို့ပေးမယ် လိုက်မလား "ဟင် .. ဒီကလေးမ ဘာမှနားမလည်ဘူးလား
နှာဘူးကြီးတွေကို အကူအညီ သွားတောင်းရလား .. ။"ညီမလေး .. ဒီရောက်နေတာလား ..
မမ .. လိုက်ရှာနေတာ .. "ပထမဆုံးအကြိမ်အဖြစ် ..
သူများအရေးကို ပထမဆုံး ဝင်စွက်ဖက် မိခြင်းလည်းဖြစ်သည်။
ရဲစခန်းမှာ အကူအညီ သွားတော့လည်း
လူပျောက်တိုင်ထားတာမျိုး မရှိပါတဲ့လေ .. ။
စိတ်ညစ်ညစ်နဲ့ ခေါင်းကုတ်လိုက်မိသည် ။
CZYTASZ
အိမ် (HOME) Pure GL
Krótkie Opowiadaniaခင်ဗျားတို့မှာရော .. အိမ် ရှိလား အဓိပ္ပါယ် တစ်ခုခု ရှိစေတဲ့ အိမ် ပေါ့