အိမ်​ ၎

2.5K 210 0
                                    

ဝူး .. ဝူး .. ​ဝေါ .. ​ဝေါ

အဲ့ဒီ​လေတိုက်​သံ ကြမ်းကြမ်း​တွေကို ယု အရမ်းမုန်းသည်
ခုလို ​မှောင်​မိုက်​​နေတဲ့ညဆို ပိုမုန်းသည်​ ။
အမှန်​​တော့ .. အဲ့လို ည​တွေတိုင်း
တစ်​​ယောက်​တည်းရှိရတာကို   ​ကြောက်​​နေခြင်းသာ
၃ နှစ်​ သမီးအရွယ်​ကတည်းက
တစ်​​ယောက်​တည်း အခန်းကျဉ်း​လေးထဲမှာအိပ်​ခဲ့ရ​ပေမယ့်
ခု ၂၃ နှစ်​အရွယ်​အထိ ကျင့်​သားမရ​သေးပါ
မိုးရွာပြီး ​လေတိုက်​တဲ့ ည အ​မှောင်​​တွေထဲမှာ
ငုတ်​တုတ်​ မိုးလင်းခဲ့ရတာ
အနှစ်​ နှစ်​ဆယ်​ ကြာခဲ့တာ​တောင်​မှ​လေ ..

"အား"

လက်​နှစ်​ဖက်​နဲ့ နားကို တင်းတင်းပိတ်​ထားမိသည်​။
မကြားချင်​ဘူး .. အဲ့ဒီ ​လေတိုက်​သံကို မကြားချင်​ဘူး .
အဲ့ဒီအသံ​တွေကို ​ကြောက်​တဲ့ ကိုယ့်​ကိုကိုယ်​ မုန်းတယ်​ ။
တစ်​​ယောက်​တည်းဖြစ်​​နေရတာကို မုန်းတဲ့
ကိုယ့်​ကိုကိုယ်​ မုန်းတယ်​ .. ။
တစ်​​ယောက်​တည်း ကျင့်​သားရဖို့ ..
ဘယ်​အချိန်​ထိ .. ​လေ့ကျင့်​ယူရမှာလဲ .. ။
အဟက်​ .. ဘယ်​အချိန်​ထိ ဆို​တော့
ကျွန်​မမှာ .. အချိန်​မှ သိပ်​မကျန်​​တော့တာ
မကြာခင်​ .. ဒီ ဒုက္ခ​တွေက ကင်းလွှတ်​​တော့မှာပါ .. ။

"မမ .. မမ "

ဟင်​ ဒီအိမ်​မှာ ကျွန်​မတစ်​​ယောက်​တည်းမှ မဟုတ်​တာ

"ဘာလဲ"

"အိမ်​​လေး .. တစ်​​ယောက်​တည်း ​ကြောက်​လို့"

သနားတတ်​တာ မဟုတ်​​ပေမယ့်​ ..
ကိုယ်​ချင်းစာမိတာလား .. ကျွန်​မ ကိုယ်​တိုင်
တစ်​​ယောက်​တည်း မ​နေချင်​တာလား
ဘာ အ​ကြောင်းပြချက်​ ​ကြောင့်​လို့ ​သေချာမသိ​ပေမယ့်
ကျွန်​မ အခန်းထဲ ​ဝင်​ခဲ့ဖို့ ​ပြောမိသည်​ ။

ခေါင်းအုံး​လေးပိုက်​ပြီး ..
မဝံမရဲနဲ့ မျက်​လုံး​လေးပြူးပြီး .ဝင်​လာတဲ့ပုံက
ကြောက်​​နေတယ်​ဆိုတာ လိမ်​တာ မဟုတ်​မှန်း
သိသာပါသည်​ ။
သူ ကမှ ကံ​ကောင်းပါသည်​ ။
ကြောက်​​နေလို့ ဆိုပြီး ​ခေါ်​ပေးတဲ့သူ ရှိ​သေးသည်​။
ကျွန်​မ ငယ်​ငယ်​က .. ​ကြောက်​လို့ဆိုပြီး
အ​ဖေ့ဆီ သွား​တော့ .. ။

အိမ်​ (HOME) Pure GLDonde viven las historias. Descúbrelo ahora