"မမ .. မနက်ဖြန် .. အိမ်လေးတို့
ဆယ်တန်း အောင်စာရင်းတွေထွက်တော့မယ် ""အဲ့တော့ "
"မမ .. စိတ်မလှုပ်ရှားဘူးလားဟင် "
"ငါနဲ့ ဘာဆိုင်လို့လဲ "
ငါနဲ့ ဘာဆိုင်လို့လဲ ..
ဟုတ်တယ် ကျွန်မနဲ့ ဘာမှ မဆိုင်ပါပဲ
တစ်ခါမှ ဘာသာရေး နဲ့ပတ်သက်ပြီး
ဘာမှ မယုံကြည်ခဲ့ဖူးတဲ့ ကျွန်မက
မနေ့က ..
ဘုရားလည်း ရှိခိုးခဲ့သလို ..
ခရစ်ယာန် ဘုရားကျောင်းလည်း ရောက်ခဲ့သည်။
ကျွန်မ ဆုတောင်းက တစ်ခုတည်း .. ။"ကောင်မလေးအတွက် ..
ကျွန်မနဲ့ မတူတဲ့ ကံတရားမျိုး ပေးပါ " ဆိုတာလေးပဲ ။"မမ .. ဒီနေ့ည စိတ်လှုပ်ရှားလို့
အိပ်ပျော်မှာ မဟုတ်ဘူး .. မမ နဲ့အတူ လာအိပ်လို့ရလား""အင်း .."
"အဲ့ဒါကြောင့် မမ ကို ချစ်နေရတာ "
ခက်လိုက်တာ
အဲ့ဒီ တီတီတာတာ အပြောလေးတွေကို
သဘောကျနေမိတဲ့ စိတ်က ခက်လိုက်တာ .. ။ရုတ်တရက် ခေါင်းကိုက်လာပြန်သည် ။
လက္ခဏာတွေက တဖြည်းဖြည်း စိတ်လာသည်။
မနေ့လည်း တစ်ခါ .. ဒီနေ့တစ်ခါ ..
သေရမယ့်ရက် နီးလာတာများလား .. ?
အခန်းထဲမှာ .. အိမ်လေးရှိတာမို့ ..
ဆေးလေးပဲ ယူပြီး မျက်နှာမပျက်အောင် ထွက်လာရသည်"အိမ်လေး မမ ခန အပြင်သွားအုံးမယ်
မကြောက်နဲ့နော် .. ခနလေးပဲ ""ဟုတ်ကဲ့ "
အခန်းအပြင်ဘက်ရောက်မှ
ဆေးလေးသောက်ပြီး ... ခန အနားယူနေလိုက်ပြီးမှ
အခန်းထဲ ပြန်ဝင်လာတော့ .. ။
အိမ်လေး ဆီက ထူးထူးဆန်းဆန်း မေးခွန်းလေးတစ်ခု"မမ နာမည်က ဘာလဲဟင် "
"ဟင် နေလာတာပဲ တစ်လပြည့်တော့မယ်
ခုထိ မသိသေးဘူးပေါ့ .. ""မမ မှ နာမည်မပြောပြဖူးတာ
အိမ်လေးလည်း မေးမှမေးမကြည့်ဖူးတာ မသိဘူး"
ESTÁS LEYENDO
အိမ် (HOME) Pure GL
Historia Cortaခင်ဗျားတို့မှာရော .. အိမ် ရှိလား အဓိပ္ပါယ် တစ်ခုခု ရှိစေတဲ့ အိမ် ပေါ့