"မမ က ဘာအလုပ်လုပ်လဲဟင် "
"စာရေးတယ် "
"ဟင် ဘာစာတွေ ရေးတာလဲ "
"ရေးချင်ရာ ရေးနေတာပဲ "
တစ်ခါတစ်လေ ..
ကောင်မလေး မေးတဲ့ မေးခွန်းတွေက များလွန်းလို့
ဘုကလန့်ဖြေမိတာမျိုးလည်း ရှိ ။
အပျင်းတော့ပြေသား ...။"အိမ်လေးလည်း .. အလုပ်လုပ်ရမလားဟင် "
"မင်း .. အသက် ဘယ်လောက်ရှိပြီလဲ "
"၁၆ ရှိပြီ ဆယ်တန်းတော့ဖြေထားတာပဲ "
"အသက် ၁၈ နှစ်တောင်မရှိသေးပဲနဲ့ ဘာအလုပ်လုပ်မှာလဲ"
"အင်းဟုတ်သားပဲနော် " ဆိုပြီး ငြိမ်သွားပြန်သည် ။
"ဒီလိုလုပ် .. အလုပ်လုပ်ချင်သပဆိုရင်
မင်း ထမင်းဟင်း.ကောင်းကောင်းချက်တတ်လား
ငါ အိမ်ထမင်း အိမ်ဟင်းလေး စားချင်တယ် ချက်ကျွေးလေ""အင်း . အိမ်လေးက ဟင်းချက်ကျွမ်းတယ် မမရဲ့ "
ကောင်မလေး စကားကို ယုံမိကာမှ ငါးပါးမှောက်ရော
မီးဖိုချောင်တစ်ခုလုံး မီးလောင်တိုက်မသွင်းတာ ကံကောင်း
ကျွန်မကမှ ကြက်ဥကို ကောင်းကောင်းကြော်တတ်သေးတယ်
အဲ့ကောင်မလေးက ..
ကြက်ဥကိုတောင် မီးတူးအောင် ကြော်တာ .. ။
ထမင်းက အဖြစ်ရှိမလားဆိုပါတယ် ။
ပျော့တူးမနပ် ဆိုတာမျိုး .. ။ဒီအတိုင်း ကြည့်ဖို့ မဖြစ်နိုင်တာနဲ့
ကျွန်မကပဲ ဝင် အဆုံးသတ်ပေးရရော
မဟုတ်ရင် နှစ်ယောက်လုံး ငတ်မှာအပြင် .
မီးလောင်မှုနဲ့ လက်ထိပ်လေး တန်းလန်းနဲ့ ..
Jail ထဲ အောင်းရမှာ မြင်ယောင်မိနေသေးတယ် ။"မချက်တတ်ရင် မချက်ဘူးပြောပါလား .. " အဲ့လို ဆူတော့လည်း
မျက်နှာငယ်လေးနဲ့ .."အိမ်လေး .. ချက်တတ်မယ်ထင်လို့ပါ " တဲ့အေးရော ။
သူ့ကိုယ်သူ ချက်တတ်လား မချက်တတ်ဘူးလားဆိုတာ မသိဘူးလား
![](https://img.wattpad.com/cover/183886153-288-k683040.jpg)
CZYTASZ
အိမ် (HOME) Pure GL
Krótkie Opowiadaniaခင်ဗျားတို့မှာရော .. အိမ် ရှိလား အဓိပ္ပါယ် တစ်ခုခု ရှိစေတဲ့ အိမ် ပေါ့