"ငါ ဈေးဝယ်ထွက်မလို့ ဘာလိုအပ်သေးလဲ "
"အိမ်လေး လည်း လိုက်ခဲ့မယ်လေ "
"မလိုက်ခဲ့နဲ့ .. ငါ ဝင်စရာလေးလဲရှိတယ်"
မျက်နှာငယ်လေးနဲ့ အိမ်မှာကျန်ခဲ့ရှာသည် ။
တစ်ခွန်းတော့ အော်ပြောခဲ့သေးသည် ။"မမ အကြာကြီး မနေနဲ့နော် .. အိမ်လေး တစ်ယောက်တည်း
ကြောက်လို့ .. "ဦးနှောက်နှင့်အာရုံကြောဋ္ဌာန .
ဒီနေရာလာမှာကို
အိမ်လေးကို ပေးမသိစေချင်ခဲ့တာ ဘာလို့လဲ ။
အရင်ကဆို .. ဘယ်သူ က သိသိမသိသိ
ဘာကို စိတ်မဝင်စားခဲ့ဖူးတာ သေချာပါတယ် ။
အခုမှ .. ကျွန်မက မကြာခင် သေရမယ့်လူဆိုတာ
ကောင်မလေးကို ပေးမသိချင်ခဲ့ဘူး .. ။"ဆရာ ကျွန်မအတွက် အချိန်ဘယ်လောက် ကျန်သေးလဲ
သိချင်ပါတယ် "အရင်က မသိချင်ခဲ့တဲ့ အကြောင်းအရာတစ်ခု
ဘယ်အချိန်မှာပဲ သေသေ မြန်မြန်သေလည်းအေးတာပဲ
အဲ့လိုတွေးမိပြီး ..
ကျွန်မရဲ့ လက်ကျန်အချိန်တွေကို ဂရုမစိုက်ခဲ့ပါ ။
မသေခင် ဘာကို လုပ်သွားရမယ်ဆိုတာမျိုး
စီစဉ်ထားတာမျိုးလည်း မရှိတာမို့
ဒီအတိုင်း ကျော်သွားခဲ့ဖို့ စိတ်ကူးခဲ့တာ ..
အချိန်ဘယ်လောက်ကျန်သေးလဲ စိတ်မဝင်စားခဲ့ပါပဲ
အခုမှ ဘာလို့ သိချင်နေတာလဲ .. မစဉ်းစားတတ်တော့ပါ ။"ကလေးမ သာ .. ဆေးကုသမှုခံယူမယ်ဆိုရင် "
"ဟင့်အင်း .. ကျွန်မ
အကိုက်အခဲပျောက်ဆေးပဲ .. သုံးချင်ပါတယ်
ဆေးသွင်းကုသမှု မခံယူရင် ဘယ်လောက်ကျန်မလဲ ""အလွန်ဆုံး .. သုံးလ ပဲ "
"ဒါမှမဟုတ် .. ဒီနေ့ မနက်ဖြန်လည်း ..
သေသွားနိုင်တယ် ၊ အကျိတ်က ကြီးတော့
Cancer cell ကြောင့်မဟုတ်ပဲ ဦးနှောက်သွေးကြောကို
ဖိမိလို့ သွေးကြောပေါက်သွားတဲ့ အခြေအနေမျိုးပေါ့ .. ""နားလည်ပါပြီ .. ကျေးဇူးတင်ပါတယ် "
အရင်တစ်ခါကလည်း
ဒီနေရာကို ရောက်ခဲ့ပြီးပြီ ..
အဲ့တုန်းက .. ပထမဆုံး Cancer cell အကြောင်းသိရပေမယ့်
တုန်လှုပ်တာမျိုး မရှိခဲ့ဖူးပေမယ့် .. ။
အခု .. ဘာကို တုန်လှုပ်နေတာလဲ .. ?
VOCÊ ESTÁ LENDO
အိမ် (HOME) Pure GL
Contoခင်ဗျားတို့မှာရော .. အိမ် ရှိလား အဓိပ္ပါယ် တစ်ခုခု ရှိစေတဲ့ အိမ် ပေါ့