Episode - 9

4K 414 38
                                    

(Zawgyi)

*တန်ဖိုးထားရကောင်းမှန်း မသိခဲ့ပေမယ့်
  ကိုယ် မသိလိုက်ခင်မှာပဲ
  တန်ဖိုးထားခဲ့ပါတယ်ဆိုရင်*

-
-
-

"ထယ်  . . . "

ဝါထိန်ထိန် ညမီးအိမ် ရေးရေးရှေ့
စာအုပ်ကလေးနှင့် ဘောပင်လေးချကာ
တွက်ချက်နေသော ထယ်အား
သူသိုင်းဖက်လိုက်သည်။
လူးလွန့်သွားသော
ကိုယ်လုံးငယ်သည်
သူ့ပွေ့ထားမှုတွင် ပိုးသားတစ်ခုလို. . .

ထယ့်ကို
သူ ခဏခဏ ထိတွေ့ခဲ့မိပြီ. . .
ရလေ ရလေ လိုလေလေ ဖြစ်သည့်
သွေးသားဆန္ဒတွေ၌ ထယ်ဟာ
ပြန်လမ်းမဲ့သည့် သားကောင်အလား. . .

သားကောင်တို့
မုဆိုးလက်၌ ကျရှုံးသည့်ခါ
တွင်းနက်နက်ကျရသကဲ့သို့
သူ့ကျော့ကွင်းမိသော
ထယ်ဆိုသည့် ပန်းသည် သူ့လောင်းရိပ်မိသည်ထင်၏။

မျက်ရည်တွေကို
မမြင်နိုင်ခဲ့သည်။

"သခင်လေး. . . ထယ် ဒီနေ့. . "

"ငြင်းလိုက်တာလား ထယ်"

"မဟုတ်ပါဘူး သခင်လေး
  စာမေးပွဲက ဒီတစ်ဘာသာပဲကျန်တော့တာမို့
  ထယ့်ကို နားလည်ပေးပါ"

ကိုယ် စေရာ
သွားနေရတဲ့သူဖို့
သူ နားလည်မပေးနိုင်လို. . .
သူဖြစ်ချင်ရင် အခုဖြစ်ပေးရမည်. . .
ဒါဟာ သခင်နှင့် အစေခံတို့၏
စည်းတစ်ချောင်းကြားက မူပိုင်ထားရှိထားမှု. . . 

ဘယ်သခင်ကို ဘယ်အစေခံမှ မလွန်ဆန်ရဘူး ထယ်. .

"မရဘူး ထယ်
  ကိုယ့်တောင်းဆိုနေတာမဟုတ်ဘူးနော်"

"မလုပ်ပါနဲ့ 
ထယ် မနက်ဖြန်တစ်ဘာသာပဲကျန်တော့တာပါ
ထယ် ဖြေပြီးချင်းချင်း သခင်လေးဆီပြန်လာခဲ့ပါ့မယ်"

"လုံးဝ မရဘူး ထယ်"

ထယ့်ကိုယ်လုံးငယ်ကို
သူ အကြမ်းပတမ်း ဆွဲမလိုက်သည်။
ရစ်သီးလာသော
မျက်ရည်ဥများကို
လျစ်လျူရှုလျှက် . . .

ဒေါင်ခနဲသော မြည်သံသည်
ည 12နာရီဟု သတိပေးသည်။

ထယ့် ကိုယ်လုံးကို
မွေ့ယာပေါ်
ပစ်ချမိသည်။
ရုန်းကန်မှုမဲ့သော ထယ်သည်
မျက်ရည်တွေဖြင့် တောင်းပန်၏။

FOSSILIZED Tae(Completed)Where stories live. Discover now