Episode - 20 ( Romance 2 )

4.7K 468 27
                                    

(Zawgyi)



ထာဝရဆိုတဲ့
စကားလုံးအဖြစ်သာ မတည်မြဲနိုင်ခဲ့ရင်. . .
သံသရာ အဆက်ဆက်ဆိုတဲ့
ကမ္ဘာကြီး ပျက်သုဉ်းသွားတဲ့ထိ
မင်းက ကိုယ့်ရဲ့
ဘဝရက်ဆက် အရှင်သခင်ပါ ထယ်. . .
-
-
-

ကမ္ဘာမြေပြင်တစ်ခုလုံး
အုပ်စိုး မင်းမူလေသော
ကျယ်လောင်သည့် မိုးခြိမ်းသံသည်
ကလေးငယ်အား
သူ့ရင်ခွင်ဆီသို့
ပိုမိုတိုးဝင်လာစေရန် လမ်းစတစ်ခုဖြစ်သည်။

လိုက်ကာ ဖယ်သော
ပြတင်းဝမှ မိုးကြိုးလျှပ်စီးတို့သည်
အပြိုးပြိုးအပြိုက်ပြိုက်နှင့်. . .
သည်းထန်လွန်းသည့်
မိုးရေစက်တွေသည်
မှန်တံခါးအပြင်ဘက်၌ တွဲလွဲခိုလို့. . . .

မိုးရာသီ၏
ညနက် သဘာဝအဖြစ်
အေးစိမ့်ခြင်းက
ကလေးငယ်အား
ကြောက်လွန်းစေသော ခံစားချက်နှင့်
ရောထွေးလျှက်
ရင်ခွင်ထဲ၌ တုန်ယင်လို့နေ၏။

"ချမ်းနေတာလား ထယ်"

". . . . . "

ပြန်ဖြေသံဟာ မကြားရ. . .
တစ်ဆတ်ဆတ်ညိမ့်သော
ဦးခေါင်းလေးကြောင့်
လွန်စွာကြောက်ရွံ့နေပြီမှန်း
ခန့်မှန်းလို့ ရနိုင်သည်။

မိုးဖွဲလေးများ
တိမ်ကင်းစင်စွာ ကျရောက်လာသလို
ဖြူစင်ခြင်းများနှင့်
အပြစ်ကင်းရက်စွာ
ကလေးငယ် ချစ်စရာကောင်းသည်။

"အိပ်လိုက်မလား ထယ်"

". . . . . ဟင့်. . . . . . . "

ရှိုက်သံတစ်ခုထွက်လာ၍
ငုံ့ကြည့်မိချိန်၌
ကလေးငယ်မျက်ဝန်းထဲ
သူနာကျင်သော
အရည်ကြည်ဆဆတွေ. . . .

ညင်သာစွာဖယ်ရှားမိ၏။
အလိုက်သင့်မော့ပေးထားသော
မျက်နှာလေးသည်
အချွဲပိုလွန်းစွာ
မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့်. . .

ချစ်တယ်ထယ်. . .
ထာဝရဆိုတာသာ
အမှန်တကယ် မရှိခဲ့ရင်ပေါ့. . .
ကမ္ဘာမြေကြီး ပျက်သုဉ်းသွားတဲ့ထိ
သံသရာအဆက်ဆက်
ကိုယ်ဒူးထောက်ပေးနေမှာပါ. . . .

"ကြောက်နေတာလား ကိုယ့်ကျားလေးက"

"ကိုကို ပုံပြင်ပြောပြရမလား ထယ်"

"ကိုကို တစ်ယောက်လုံးရှိတာမို့
ထယ် မကြောက်ပါနဲ့"

ပြောကာမှ
ရင်ခွင်ဆီ တင်းတင်းတိုးလျှက်
တစ်ကိုယ်လုံးပင်
ကျုံ့ကျုံ့လေးလုပ်ကာ
ဝင်လာသည့် ကလေး. . .

FOSSILIZED Tae(Completed)Tempat cerita menjadi hidup. Temukan sekarang