Episode - 8

4.1K 435 31
                                    

(Zawgyi)

*ပိုင်ဆိုင်လိုခြင်းမှာ
တန်ဖိုးထားမှုတွေ မဖြစ်တည်ခဲ့ပေမယ့်
ကိုယ့်အချစ်တွေ မှန်ကန်ခဲ့ပါတယ် ထယ်*
-
-
-

မနက်စောစောစီးစီး
အခန်းထဲ
ယောက်ယက်ခက်နေသော
ထယ့်ကို ကြည့်ရင်း
သူမျက်စိနောက်လှသည်။
စိတ်မချလို့ အခန်းထဲနေစေခဲ့ရာမှ
ထယ့်ကို ကြမ်းပြင်တွင်သာအိပ်စေ၏။

ရင်ခုန်နှုန်းတွေ
မသိသာချင်ဘူး. . .
ပြုစားရက်လွန်းတဲ့
ထယ့်အမူယာများမှာ သူဒူးမထောက်ချင်ဘူး. . .
အနိုင်လိုရယူနေကျ
ထယ်ဆိုတဲ့လူသားကိုသာ
ဆက်လက်အနိုင်ယူချင်ပါ၏။

အချစ်က အဝေးကြီးမှာ ရှိနေသည်ဟုထင်သည်။

"မင်းဘာလုပ်နေတာလဲ ထယ်
ငါမျက်စိနောက်လာပြီနော်"

"ထယ့် ဘောပင်အိတ်လေးပျောက်နေလို့
သခင်လေး
ထယ့်မျက်လုံးတွေ ဘာဖြစ်နေလဲမသိပါဘူး
အကုန် မဲမဲတွေပဲမြင်နေရတယ်"

စားပွဲပေါ်မှ စ၍
အခန်းထောင့်နားတိုင်အောင်
ခေါက်တုံ့ခေါက်ပြန်ရှာဖွေနေသော ကလေး. . .
ကိုယ့်ကိုကိုယ် ဘာဖြစ်နေမှန်းတောင် မသိတဲ့
ဖြူစင်ခြင်းတွေက သူ့ကြောင့်နစ်နာခဲ့လေသည်။

ကြိုးဆွဲရာကရမယ့် ဘဝမှာ
သခင်က ကျွန်ကို
တောင်းပန်တယ်ဆိုတာ
ဆိုရိုးရှိလို့လား . . .
ကိုယ် လုံးဝနောင်တမရဘူး ထယ်. . . !

"ဘာအရောင်လဲ"

"အဝါလေး"

ထယ့် စကားကြောင့်
ထယ့်ရှေ့၌
ဘွင်းဘွင်းရှင်းရှင်းရှိနေသော
အဝါရောင်ဘောပင်အိတ်လေး
လက်ထဲထည့်ပေးလိုက်သည်။

အပြူးပြဲ ကြည့်နေရှာသော
ကလေးက
ဒါဟာ သူ့ပစ္စည်းမဟုတ်နိုင်ပါဟု. . .
နာကျင်သော နှလုံးသားက
အမှောင်အတိတိ ပြီးပြန်၏။

"ဒါ မီးခိုးရောင်ကြီး သခင်လေး
ထယ့် ဟာလေးက အဝါရောင်"

သူ့ဥစ္စာ မဟုတ်ကြောင်း ပြောရင်း
လက်ထဲသို့ ပြန်ထိုးပေးလာသော
ကလေးဘောပင်အိတ်ကလေး. . .
ဘယ်လို ညာပြီး ပေးရပါ့မလဲ ကလေးရယ်. . .
ကိုယ်တိုင် ခံစားနေရတဲ့ ဝေဒနာက
ဘာဆိုတာ မသိရအောင်
မင်း အဲ့လောက်မဖြူစင်စမ်းနဲ့. . .

FOSSILIZED Tae(Completed)Donde viven las historias. Descúbrelo ahora