Episode - 7

4K 458 25
                                    

(Zawgyi)

*မာနက အချစ်ကိုလွန်ဆန်လို့မရခဲ့ဘူး ထယ်
အချစ်ကခေါ်ဆောင်ရင်
ကိုယ်ဝန်ခံရမှာ ကြောက်တယ်*
-
-
-

နှိုးဆော်၏။
ပြင်းပြစွာ တုန်ယင်သော
နှလုံးသားတစ်စုံက
ကလေးဆီ အရောက်ပို့သည်။
အချိန်ပေါင်းများစွာ ကူးလူးလို့လာခဲ့မိတာ
ကလေးနှင့်တွေ့ဆုံသည့်ရက်သည်
ယနေ့ဆိုလျှင်. . .

93ရက်. . . တစ်နည်း သုံးလကျော်ကျော်ရှိသည်။

အထူးတစ်လည် မှတ်မိနေတာက
ဘာကြောင့်ရယ်တော့မတွေးတတ် . . .
ထွေထွေပြားပြားလဲ
မစဉ်းစားခဲ့ဖူး. . .
ကလေးနှင့် ပတ်သတ်ခဲ့သမျှ
လှုပ်ရှားမှုတစ်ခုစီတိုင်းထိ
အလုံးရင်းမှတ်မိလို့နေသည်။

အချစ်လားဟုမေးရင်
အချစ်မဟုတ်ဘူး. . .!
ကလေးဆိုသည့်
စွဲမက်ဖွယ်မှာ
သူခတ္တရူးသွပ်ခြင်းလို့သာ အဖြေထွက်သည်။

"စာလုပ်နေတာလား"

ကလေး၏ ကျောပြင်သေးသေးလေးအား
သိမ်းကျုံးပွေ့ကာ
ရင်ခွင်ထဲမြုပ်ထားလိုက်သည်။
Sofiaနံ့သင်းသော
ကိုယ်လုံးငယ်လေးမှ တွန်းထိုးခြင်းမဲ့သည်။
သုံးလအတွင်း
အကြိမ်ကြိမ်ဖော်ယူခဲ့သည့်
ပုံသွင်းမှုမှာ ကလေးသိတတ်နေပြီ. . . ။

ယခု ကလေး၏ တန်းလျားငယ်လေးအတွင်း၌ဖြစ်သည်။

"ကိုယ် ပိုက်ဆံပိုနေလို့ ဝယ်လာခဲ့တယ်
ရော့ ကလေးအတွက်"

သိန်းချီတန်သည့်
တံဆိပ်ဖြုတ်ထားသော
Brandအကျီတစ်ထည်ကို
ကလေး၏ စားပွဲအသေးလေးပေါ်
တင်ပေးလိုက်သည်။
အဝတ်စားနွမ်းပါးသည့် ကလေးငယ်အတွက်
သေသေချာချာရွေးချယ် ဝယ်ယူခဲ့ခြင်းသာ. . .

ကလေး၏ အသားဝင်းဝင်းလေးနှင့်ဆို
သူဝယ်လာသည့် အဝါရောင်အကျီလေးဟာ
လိုက်ဖက်မှာ သေချာပါသည်။

"ကြိုက်လား ကလေး"

"ဘာအရောင်လဲ သခင်လေး"

"ဘာ ! !"

ကလေး၏ တန်ပြန်မှုကြောင့်
သူ အနည်းငယ်စိတ်တိုမိသည်။
သူတွေးထားသည်က
အရမ်းလှတယ် သခင်လေးဟု ပြောမည့်
ကလေးစကားသံ. . . .

အခုတော့ အကျီတစ်ထည်လုံး
သူ့ရှေ့ရောက်နေတာတောင်
ဘာအရောင်လဲလို့ပြန်မေးတာ
မိမိစေတနာတွေကို စော်ကားရာကျသည်။

FOSSILIZED Tae(Completed)Où les histoires vivent. Découvrez maintenant