Episode - 10

4.2K 444 21
                                    

(Zawgyi)

*ရည်ရွယ်ချက်ရှိရှိ
ပျက်ပြယ်စေခြင်းမဟုတ်ခဲ့ပါပဲ
ပျက်ပျယ်လာခြင်းတို့မှာ
ရည်ရွယ်ချက်တွေ ပါဝင်ခဲ့တယ်

မုန်းမယ်ဆိုလဲ မုန်းပါထယ်*

-
-
-

အတောင်ပံကျိုးသော
ဌက်ငယ်ကဲ့သို့
ထိုအတောင်ပံတစ်စုံ
ဆုံးရူံးလိုက်ရပြီးမှ
အမှားပါဟု တောင်းပန်ခဲ့ရင်ရော. . .
အငြိုးတေးတို့ ပြေနိုင်ဖွယ်ရှိရဲ့လား. . .

ဆုံးရှုမှုနဲ့
နစ်နာခြင်းတွေ ဒွန်တွဲနေတယ်ဆို
သူ့နစ်နာခြင်းတွေ
ထယ်လုပ်ယူပြီး
ထယ့်ဆုံးရှုံးမှုတွေ
သူဖန်တီးသည်။

နှလုံးသားက လက်ခံခဲ့ရင်
မမြင်ရလဲ ချစ်နိုင်သည်။
ထယ့်ကိုသူသိပ်ချစ်ပါ၏။
ကိုယ်ထိလက်ရောက်ကျူးလွန်းခြင်းမခေါ်တဲ့
နှလုံးသားကို ရက်စက်စေခြင်းတွေ. . .

လူတွေသူ့အပေါ်ဝေဖန်သလို
သူထယ့်ကို ရက်စက်တယ်ဆိုရအောင်
ယခုချိန်ထိ
ထယ့်ကိုလက်နဲ့တောင်ရွယ်ခဲ့ဖူးသည်မဟုတ်. . .
ရက်စက်တယ်လို့ဆိုမယ့်အစား
အတ္တကြီးတယ်လို့ ဆိုနိုင်ပါက. . .

"ထလာပါတော့ ထယ်ရယ်
ကိုယ် ပြောစရာတွေအများကြီးရှိတယ်"

မေ့မျောလက်စ
ကုတင်ပေါ်လှဲလျောင်းလျက်ရှိသော
ထယ့်လက်ကလေးများကို
သူဆုပ်ကိုင်ထားမိသည်။
တန်ဖိုးချပစ်ပယ်ခြင်းတို့နယ်နိမိတ်. . .
ရက်စက်မှုမြောက်သော
အထက်စီးဆန်ခြင်းမှာ
ထယ် များစွာသည်းခံ၏။

အေးသည့်ဒဏ်ကြောင့်
လမ်းမဘေးမေ့မျောနေခဲ့သော ထယ်. . .
မို့ဖောင်းဖောင်းပါးလေးနှစ်ဖက်၌
မျက်ရည်စက်တွေစီးဆင်းဆဲဖြင့်
သူ အပိုင်လိုရယူခဲ့သော
တစ်နေရာမှာ
သူ့ကြောင့်ဖြစ်သော သွေးစအချို့
ကပ်ငြိလို့နေတုန်း. . .

အိပ်မက်တွေ ပျက်စီးခဲ့ပြီလား. . . !
မင်း အိပ်မက်တွေ
ကိုယ် ဖန်တီးပေးပါရစေ ထယ်. . .
သို့သော် ထယ့်အိပ်မက်မှာ ကိုယ်ပါဝင်ရမယ်. . . !

"ကျတော် တကယ်စိတ်မကောင်းပါဘူး
ထယ့် တစ်နှစ်လုံးပညာရေးအတွက်
ကျတော် ကျောင်းကောင်းကောင်းထားပေးပြီး
တာဝန်ယူမှာပါ"

FOSSILIZED Tae(Completed)Donde viven las historias. Descúbrelo ahora