Episode - 13

4.6K 422 30
                                    

(Zawgyi)

အကန့်သတ်တွေ
ကျင့်ဝတ်တွေ
သိက္ခာတွေကို
မထိန်းနိုင်တော့လောက်အောင်
ကိုယ့်ရဲ့နယ်ရုပ်လေးကို ချစ်မိခဲ့တယ်. . .
-
-
-

ဆေးသားဝါဝါ ချယ်သထားသည့်
အခန်းတစ်ခုအတွင်း၌
သူထိုင်ကြည့်နေသည်။
သက်ရှိအရုပ်သည်
အသိညဏ်မဲ့စွာ
မေ့မျောလို့နေဆဲ. . .

စိပ်မွှာလျှက်ရှိသည့်
မျက်တောင်တို့ကြား
မှတ်ချထားသော မျက်ဝန်းငယ်သည်
ရက်သတ္တပတ်တိတိရှိလေပြီ. . .
အမူယာတိုင်းကို လွမ်းသည်
ပြုစားနိုင်ခြင်းကို သတိရ၏။

ယိုယွင်းမှုများ၏
အဆုံးတိုင်ခြင်းတွင်
အမုန်းတရားတွေလက်ခံရရှိဖို့
သူတင်းခံထားပြီးသား. . .
မုန်းတယ်ဆိုသည့် ပညက်ချက်. . .
တစ်ခါတစ်ရံသော
လေလွင့်မှု၏ မြစ်ဖျားခံရာတို့သည်
အပြုံးတစ်ချက်၌ တည်သည်။

ဖြူစင်နုနယ်မှုသည်
အဆိပ်တစ်ခွက်ဟုဆိုမယ်ဆို
ထိုနောက်က
ကပ်ပါလေ့ရှိတဲ့
ပိုင်ဆိုင်လိုခြင်းက အတ္တဟုဆိုရမည်. . .

သိက္ခာမာနတွေအကုန်
ခဝါချဖို့တွေးခဲ့ပြီးသည်နှင့်. . .
အရာရာပေးဆပ်လိုက်လျောဖို့ထက်
စေလိုရာ
ဒူးထောက်ခစားဖို့
ဆုံးဖြတ်ခဲ့ပြီးသည်နှင့်. . .
အနှုတ်ပြရာခိုင်နှုန်းတောင် မရှိတော့သည့်
မင်းမူအတ္တများစွာတွင်
အနားက ထွက်မသွားစေဖို့ကတော့
ကျန်နေတုန်းဖြစ်သည်။

ထယ် ဘယ်ကိုမှ
ထွက်မသွားရဘူး. . .

"အိပ်စက်နေတာ
  မင်းအတွက် အေးချမ်းတယ်မလား ထယ်
  ကိုယ်မရှိတဲ့ အမှောင်တစ်နေရာမှာ
  မင်းပျော်မွေ့နေလို့
  ပြန်နိုးမလာသေးတာလား
  ဟင့်အင်း ခွင့်မပြုဘူးထယ်
  ထယ်ဆိုတာ အနားယူမှေးစက်ချင်ရင်တောင်
  မှေးစက်ခွင့်မရှိဘူး"

လေထု၏ ဖိအားသည်
ပြင်းပြမှုအဆင့်သို့ ရောက်သည်။
မိုင်ကုန် နှိမ့်ချမိခဲ့သည့်
သက်ရှိထိုနယ်ရုပ်. . .
နိုးလာခွင့်မရှိလို့ မဖြစ်ဘူးဆိုတာ
မန္တန်တွေကို ချိုးဖောက်သည့် သူ့မာနတရား. . . .

အနမ်းခြွေခံရသည့်
ထယ့်နှဖူးပြင်သည်
နွေးထွေးမှုတွေရှိလို့. . .
အပြစ်ကင်းစင်စွာ
မြောလွင့်နေသည့်
အဖြူရောင်ထယ်သည်
အဘယ်မှာ မွေ့လျော်နေအံ့နည်း. . .

FOSSILIZED Tae(Completed)Donde viven las historias. Descúbrelo ahora