Episode - 12

3.8K 408 26
                                    

(Zawgyi)

* ချစ်တတ်တဲ့
  နှလုံးသားပိုင်ရှင်တိုင်းမှာ
  ရက်စက်တတ်တဲ့ အတ္တတစ်ခုက ရှိတတ်စမြဲပဲ ထယ်
  ကိုယ့်အတ္တက ကမ်းလွန်တယ်*
-
-
-

"အာ့ ဘာ အာ့ အ ဘားး"

"ဟုတ် ချစ်တယ် ဖေဖေ"

အရောင်သွေးတို့စုံလင်နေသည့်
Shirtအကျီလေးနှစ်ထည်. . .
ဖေဖေဘယ်တုန်းက
ဝယ်ယူထားခဲ့သည်မသိ. . .
လက်ထဲသို့သေချာထည့်ပေးကာ
မျက်ဝန်းတွေဖြင့်
ဒီလောက်ပဲတတ်နိုင်ပါသည်ဟု ဖော်ပြသည်။

လိုအပ်မှုတွေရှိပေမယ့်
ရသလောက်နဲ့
သူတင်းတိမ်နိုင်၏။
အပင်ပန်းမခံစေလို၍
မည်သို့မျှ မပူဆာခဲ့သော်ငြား
ဖေဖေဆိုတာ
သူ့အတွက် ခြစ်ကုပ်ဖယ်ချန်ပေးခဲ့သည်။

"ဟုတ် ထယ် မေမေနဲ့
Formသွားယူလိုက်ဦးမယ်နော်"

"အာ့ ဘာ အ"

နှဖူးသို့
ဖေဖေတစ်ချက်နမ်းသည်။
အဆင်ပြေစေလိုပြေစေကြောင်း
ဂရုဏာပြုနေသည့်ဖေဖေ့မှာ
မျက်ဝန်းထဲတွင်တော့
မျက်ရည်တို့အပြည့်. . .

ညနေသွားရတော့မှာဖြစ်တာမို့
ဖေဖေရောမေမေရော
ဘယ်လောက်ဝမ်းသာသည်ဖြစ်စေ
မျက်နှာကောင်းခြင်း မရှိခဲ့လေ. . .
တစ်ချိန်ချိန်မှာ
တစ်စုံတစ်ရာသော အားသာချက်တွေနဲ့
တူတူနေ၍သွားချင်သလို. . .

"သွားပြီ ဖေဖေ"

မေမေနှင့်အတူ
ဖောင်ထုတ်ရမည့်နေရာသို့
ထွက်လာခဲ့ကြသည်။
ဝမ်းသာသလို
ဝမ်းနည်းမှုက ထပ်တူညီသည်။

သူ့ရည်မှန်းချက်ဖြစ်သည့်
ဆရာဝန်တစ်ယောက်
မဖြစ်နိုင်တော့ပေမယ့်
တက်လမ်းဆိုသည့်
ပန်းတိုင်တစ်ခုက
သူ့အား လက်ယက်ခေါ်နေလေ၏။

သို့သော်
တစ်စုံတစ်ဦး၏
ကြေကွဲဆန်သော အတ္တမျက်ဝန်းတို့ကိုတော့
သူ သတိမပြုမိခဲ့ပါ. . . .

"တောက်"

သူ ခံပြင်းမိ၏။
မသွားပါနဲ့ဟု
မတောင်းပန်စဖူး
အကြိမ်ကြိမ်တောင်းပန်ခဲ့တာတောင်
ထယ်က ရှေ့ဆက်တိုးသည်။

သူ့လုပ်ယူမယ့်
ထယ့်ကံကြမ္မာကို
သူအကွက်ကျကျစီစဉ်ခဲ့ပြီးသည်။
ကံကြမ္မာက
ခွဲခွာတယ်ဘာတယ် မဆိုချင်. . .
ကံကြမ္မာဆိုတာ
လူတို့ဖန်တီးမှုဟု ယူဆထားသည်ကြောင့်. . .

FOSSILIZED Tae(Completed)Hikayelerin yaşadığı yer. Şimdi keşfedin