Episode - 5

4.3K 456 29
                                    

(Zawgyi)




*တန်ဖိုးဟာ မင်းလို့ခေါ်ခွင့်ရှိရင်
  ကိုယ် မင်းမမူခဲ့မိပါဘူး*
-
-
-

ညဘက်သန်းခေါင်ကျော်
တိုင်ကပ်နာရီထံမှ
12ထိုးသံကြောင့်
သူနိုးထမိသည်။
ရောက်ရောက်ချင်းထဲက
ပုံရိပ်ပေါ်နေတဲ့
ကလေး၏ မျက်ဝန်းများဟာ သူ့အာရုံထဲ တစ်ရီရီ. . .

ဖျောက်ဖျက်ပစ်ဖို့
အိပ်စက်ခဲ့သည်။
မပျောက်ပျက်သွားခဲ့ မပျက်ပျယ်သွားခဲ့
အိပ်မက်ထဲထိအောင်
လိုက်နှောင့်ယှက်သော ကလေးကို
သူလုံးဝမနှစ်မြို့ပါလေ. . .

ရီးစားပေါင်းအလီလီ
အထည်လဲခဲ့ဖူးတာ မှန်ပေမယ့်
ထူးထူးခြားခြား ထိုကလေးပေါ်သာ
သက်ရောက်သည့်
သူ့ရင်ခုန်သံကို သူမုန်းသည်။
သို့သော် ကလေးကို မုန်း၍မရခဲ့. . .

မျက်ရည်စို့သည့် မျက်ဝန်းငယ်များ
သူ့ကမ္ဘာထဲ အကြိမ်ကြိမ်ကျရောက်သည့်ခါ. . .

ပြုစားလွန်းသော ကလေးငယ်၏
အရာရာအားလုံး
သူစူးစမ်းသိမြင်ချင်ရာ၌. . .
လိုသည်ထက်ပိုမှာကို ကြောက်မိပါသည်။

သူ့ကို ပြုစားမှာကို သူမုန်း၏
အမုန်းက ဘယ်ကိုဦးတည်နေလဲဆို
ဘယ်အချိန် ထိန်းချုပ်မဲ့မည်မှန်းမသိနိုင်သော
သူ့အသိတရားတွင်. . . ၊

ကလေးငယ်တစ်ယောက်၏
ရှိုက်သံတစ်ချက်သည်
သူ့ဘဝကို ပထမဆုံးနာကျင်စေခဲ့၏။
သူ၏ နာကျင်မှုသည်
ကလေး၌ စတင်သည်။

မရှိုက်နဲ့ကလေး. . .!
ကိုယ်မှမကြိုက်တာ . . !

ဝူး. . . . .!!!

ကားစက်နှိုးသံဆူဆူနှင့်
အမှောင်တရာ ညလမ်းမပေါ်
သူ့ပြိုင်ကားလေးဖြတ်ပြေးသွားသည်။
ကလေးငယ်၏ ပုံရိပ်များကို
ပျောက်ပျက်စေရန်
သူAlcoholတစ်ချို့ကို
အားကိုးချင်မိပါလျှက်. . .

တိုင်းတစ်ပါးမှာတည်းက
ရှာဖွေခဲ့သော
Clubတစ်ခုသို့ သူရောက်ရှိခဲ့သည်။
လူချမ်းသာများသာ အနားကပ်နိုင်သည့်clubမို့
ဆူဆူညံညံစကားပြောသံများဟာ ရှိမနေ. . .

တစ်ငြိမ့်ငြိမ့်ထွက်အံလာသော
တေးသွားတစ်ခုကိုသာ စီးမြောရင်း. . .
ဝိုင်အချို့နှင့်
အခေါက်ကင်များ မှာခဲ့သည်။
သီးသန့်ခန်းဌားလိုက်တာမို့
တစ်ဦးတည်းသော အထီးကျန်ခြင်းမှာ
သူမေ့ပျောက်ဖို့ကြိုးစားရပါမည်၏။

FOSSILIZED Tae(Completed)Donde viven las historias. Descúbrelo ahora