Episode - 1

11K 669 21
                                    

(Zawgyi)




ပတ်ဝန်းကျင်တစ်ခုလုံး
တိတ်ဆိတ်မှောင်မဲနေသည့်တိုင်
သူ့စိတ်အာရုံဟာလဲ အမှောင်ကျလို့. . .
အပ်ကျသံတစ်သံတောင်
မကြားရသည်နှင့်
ထွေပြားခြင်းတို့က နေရာယူထားသည်။

ချစ်ရသူသည် မျက်စိရှေ့၌
ရှင်းရှင်းလင်းလင်းတည်ရှိနေသော်လည်း
ကျောက်ဖြစ်ရုပ်ကြွင်းသကဲ့သို့သော
အမူယာများက
ရင်ခွင်ကို ဆူးပေါင်းများစွာနှင့်ထိုးဆွနေသလို. . .

ရေခရားကို ဌဲ့၍
ဖန်ခွက်ထဲရေထည့်လိုက်သည်။
တစ်ကျိုးတည်းမော့သောက်ဖို့ရာ
အကြောင်းမဖန်စေခဲ့. . .
တစ်ငုံသာ သောက်သည်။

"ထယ်. . .  အိပ်တော့လေ   မိုးချုပ်နေပြီ"

စကားတစ်ခွန်းစ
ကြားရလိုကြားရငြား
ဆိုပါသော်လည်း
ပြန်လည် ဖြေကြားမလာခဲ့. . .
စူးနင့်သော ရင်ဘတ်က
စိမ်းကားခြင်းများနှင့် အသားကျနေခဲ့ပြီ. . .

ထယ့်၏ ပါးဖောင်းဖောင်းလေးများကို
သူဆွဲလိမ်လိုက်သည်။
ရုတ်ချည်းဆူထွက်လာလေသော
နီဆွေးဆွေးနှုတ်ခမ်းတစ်စုံ၏ ဆွဲဆောင်မှုမှာ
သူမွေ့ပျော်လိုက်ချင်သည်။
ဆူထွက်လာခြင်းသည်
အလိုလျောက် မဟုတ်ခဲ့. . .
သူ၏လုပ်ယူခြင်း. . .

ရွှတ်. . .

ဖောင်းအိအိပါးမို့လေးပေါ်
သူ့အနမ်းတစ်ပွင့်ဟာ တန်ဖိုးထားခြင်းအဖြစ်. . .
ထယ့်ကို သူပွေ့ယူလိုက်၏။
လည်တိုင်သို့ သွယ်ဖက်မလာသော
လက်ကလေးများသည်
ပျော့ခွေလျှက်. . .

မျက်လုံးဆုံအောင်ပင် မကြည့်နိုင်. . .
အရည်ကြည်လဲ့သည့် မျက်ဝန်းငယ်သည်
သူ့ရင်အား ဝေခွဲမရဖြစ်စေပါသည်။
လက်လွှတ်မပေးလိုက်နိုင်ဘူး ထယ်. . .
ထယ်မုန်းသလောက် ကိုယ်သိပ်ချစ်ပေးမှာမို့. . .

"ချစ်တယ် ထယ်"

မွေ့ယာပေါ် ဘေးတစ်စောင်းလေးချပေးလိုက်သည်။
ချစ်တယ်ဟူသည့် စကားတစ်ခွန်းဟာ
မဟောင်းသွားနိုင်ရင်း. . .
မရိုးသွားစေနိုင်ရင်း. . .
အကြိမ်ကြိမ်အဖန်ဖန် သစ်လွင်လို့နေစေရင်း. . .

ဖြစ်တည်ခြင်းမဲ့တဲ့
ဟာလာဟင်းလင်းခံစားချက်တွေကို
သူသိပ်ရို့ကျိုးပါသည်။
အချစ်သည် အမုန်းနှင့်
တိုက်ရိုက်အချိုးကျနေ၏။

FOSSILIZED Tae(Completed)Donde viven las historias. Descúbrelo ahora