W

4.5K 295 19
                                    



အပြင်တွင် ကျဆင်းနေသော နှင်းဖွဲဖွဲတို့ကို အသက်မဲ့စွာ
ငေးကြည့်ရင်း...

မျက်ရည်တို့အဆက်မပြတ်ကျဆင်းနေသော
လူနာဝတ်စုံနှင့် ဖြူဖျော့ဖျော့ကောင်လေးတစ်ယောက်ကို...

စိတ်မကောင်းစွာဖြင့် ထိုင်ကြည့်ရသည့် သူမအား...

ဆေးရုံလူနာအခန်းကြီးတစ်ခုထဲ အတော်အတန်ကြာ
တိတ်ဆိတ်စွာ အတူရှိနေသည့်သူက ဆုံးဖြတ်ချက်တို့နှင့်အတူ ထရပ်ကာ ပြောလိုက်သည်...

" သူ့ သဘောအတိုင်း လုပ်ပေးလိုက်..."



~~~~~~~~~~~~




သုံးလခန့်ကြာသော်........



လေဆိပ်မှ ဖုန်းပြောရင်း ထွက်လာသည့် ကင်မ်ဂျုံအင်
မိမိ ဂျယ်ဂျူကျွန်းဆီ သုံးလသွားနေရမှာကို တစ်ခုပြီးတစ်ခု
မှာ မပြီးဖြစ်နေသော အမေဖြစ်သူကြောင့် ရယ်ချင်လာသည်...

" အင်း...အမေကလည်း...စိတ်မပူပါနဲ့...
မသိရင် သူ့သားက နိုင်ငံရပ်ခြားရောက်သွားတာကြလို့ဗျာ..."

' အို...ပူရတယ်တော်.. နင်ဆိုးလ်မှာတောင် ငါက
သတိမပေးရင် ထမင်းတောင် နပ်မှန်အောင် မစားတတ်တာ
ဒါဘဲ..နော်.. အားရင် ဖုန်းဆက်ဖို့မမေ့နဲ့..."

ငယ်ငယ်ကတည်းက အဖေဆိုတာကိုမမြင်ဖူးလိုက်ပေမဲ့
အမေဖြစ်သူက လိုလေသေးမရှိဆိုရအောင်ကို ဖြည့်ဆည်း
ပေးကာ ချစ်ပေးသလို..

ကိစ္စကြီးငယ်  ကင်မ်ဂျုံအင် အမေဖြစ်သူနှင့် တိုင်ပင်တတ်ကာ တခါတလေ သူငယ်ချင်းတွေလိုပင် ပြောဆိုကြသည်မို့...

" ဟုတ်ကဲ့ပါဗျာ... ဆွန်းအဲရှီးးသာ ကျနော်ပြန်ရောက်ရင်
အဖေတစ်ယောက်ရအောင် ရှာထားပေးဗျာ..နော်..
ဦးလေးဒုံဆော့လိုမျိုးပေါ့.."

' နင်နော်..ငါ့ အဲလူကြီးကို ကြည့်မရပါဘူးဆိုနေ..
နောက်တခါထပ်ပြောရင် နင့်ကိုပါ စကားမပြောတော့ဘူး..'

" အမလေး..စိုးကြောက်မိပါတယ်...ဒုံဆော့ဦးလေးက
အတော်လေး သနားစရာကောင်းနေလို့ ရှေ့နေလိုက်ပေးမိတာပါဗျာ..ဟီးဟီး...
တက္ကစီစီးရတော့မှာမို့ ဖုန်းချရတော့မယ်..နော်..."

With Ur Heart Where stories live. Discover now