အချိန်ရဲ့ရွှေ့လျားမူနဲ့အတူ...အလွမ်းနေ့တွေ တဖြည်းဖြည်းကျော်ဖြတ်လာပြီး
ကျနော့် စားပွဲတင် calendar ပေါ် အသည်းပုံဝိုင်းထားသည့်
နေ့ရက်လေးကို ရောက်လာသည့်အခါ ...ကျနော် လေယာဉ်ပေါ်မတက်ခင်ကတည်းက
အတော်လေး ရင်ခုန်စိတ်လှုပ်ရှားနေမိတာ....ကောင်လေးတစ်ယောက် ရှေ့ကို အရဲစွန့် သွားခဲ့ချိန်က
အတိုင်းပင်...." အစ်ကို "
လေဆိပ်ထဲ ကျနော့်ကို တစ်ယောက်တည်းလာကြိုသည့် ကောင်လေးက ..
မျက်ရည်အဝဲသားနှင့် ကျနော့်ကို ပြုံးပြကာ ကျနော့်
ကို ခပ်တိုးတိုးခေါ်လိုက်သည်နှင့်...ကျနော် ပတ်ဝန်းကျင်ကို ဂရုမစိုက်အားတော့ဘဲ
ကောင်လေးကို လွတ်ထွက်သွားမည် စိုးသည့်အလားပင်
တင်းကျပ်စွာ ပွေ့ဖက်ထားမိသည်...." တကယ် အရမ်း လွမ်းနေခဲ့တာ..."
ကျနော့်ကို ခပ်တင်းတင်းပြန်ပွေ့ဖက်လာသည့်
ကောင်လေးက ..." ကျနော့်ကို လွမ်းနေခဲ့တာလို့ ပြောလိုက်တယ်မလား
ကျနော်ရောဘဲ ..."ကျနော် တအံ့တသြနှင့် ကောင်လေးမျက်နှာကို ဆွဲယူကြည့်လိုက်မိသည်...
"ဟွန်းနီ? ကြားရပြီလား?"
" ဟင့်အင်းးး ဒီကနေ ကြားရတာပါ .."
ရင်ဘတ်ပေါ် လက်ကလေးထောက်ပြရင်း ပြုံးကာ
ပြောလာသည့် ကောင်လေးကြောင့်...ကျနော့်ရင်ထဲ ခံစားချက်တွေ ရှုပ်ထွေးကုန်သည်...
" ဘာလဲ? အစ်ကိုက စိတ်ပျက်ချင်တာလား?"
" ဘယ်လိုများ မေးလိုက်တာလဲကွာ...ကိုယ်က..."
"Holdထားး ကျနော့်အတွက် စိတ်မကောင်းဖြစ်စရာ
မလိုပါဘူးနော်...အစ်ကို ကြိုးစားခဲ့သလို
ကျနော်လည်း ကြိုးစားခဲ့တာတွေရှိတယ်.
.အကျိုးရလဒ်ကတော့ ..အင်းး ကျနော်နဲ့ အတူ ဆက်လက်
ရှုစားပါနော်...ပြီးတော့...
..ကျနော့်မှာ အစ်ကို ရှိရင် ပြီးပြည့်စုံပြီ သိလားး"အရင်ကနှင့်မတူ ရွှင်ပျတက်ကြွနေသော ပုံစံလေးနှင့်
ကောင်လေးကို ကျနော် လေဆိပ်ထဲတင် ဖက်နမ်းမိခါနီးနီး...