သုံးကြိမ်ပြန်ဆုံရင်တော့ ဖူးစာဘဲ ဆိုတဲ့စကားကို
ကျနော် မမျှော်လင့်ချင်ပေမဲ့.....ညနေခင်းတခုက လမ်းကျဉ်းလေးတစ်ခုမှာ...
ကျနော့် ဖုန်းwallpaper ထဲက အမည်မသိကောင်လေး
တစ်ယောက်ကို ...ကျနော့်ရှေ့ မလှမ်းမကမ်းအနေအထားတွေ ပြန်တွေ့လိုက်ရသည့်အခါ....
ဖြစ်ပေါ်လာသည့် ဝမ်းသာကြည်နူးမူတွေကို ကျနော်
ခေါင်းစဉ် မတပ်ရဲ....နောက်ကျောပြင်လေးကို မြင်တွေ့လိုက်ရုံနဲ့ မှတ်မိနေသည့်
ကျနော်သည်...လွန်ခဲ့သော နှစ်ပတ်လုံး အမည်တပ်မရသည့် ရောဂါ
ဝေဒနာကို ခံစားနေခဲ့ရတယ်ဆိုတာကို ကံယာကံရှင်ကတော့
သိမည်မဟုတ်....ခါတိုင်းလိုဘဲ နားကျပ်လေးနှင့် ဖြေးဖြေးမှန်မှန် လမ်းလျှောက်
နေသည့် ကောင်လေးနောက်ကို..ကျနော် တိတ်တဆိတ်လိုက်လာရင်း...
အင်္ကျီအိတ်ကပ်ထဲ vibrate ဖြစ်လာသော ဖုန်းကိုလည်း
တမင် မကိုင်ဖြစ်လိုက်....ရုံးဆင်းသည်နှင့် သာမန်ထက် တိတ်ဆိတ်လွန်းသည့်
ရပ်ကွက်ဘက်ရောက်လာရတာဟာ အလုပ်ကိစ္စအရ
ပင်စင်ယူပြီးသား အင်ဂျင်နီယာဟောင်းအိမ်ဆီ သွားဖို့ပေမဲ့....လမ်းတစ်ဝက်မှာတင် ကျနော့်ရဲ့ လာရင်းကိစ္စတွေကို
တမင်မေ့ထားလိုက်တော့သည်..*ကလင်..!!..ကလင်!! *
နောက်ကနေ ဆက်တိုက်တီးမြည်နေသော စက်ဘီးဘဲလ်သံကြောင့် ...
နဂိုကတည်းက လမ်းဘေးပေမဲ့ အိမ်အုတ်နံရံတွေထိမတတ် လမ်းဘေးသို့ ကပ်လျှောက်ပေးလိုက်ရသည်...
" ဟာ..!?.ဟေးးးး!? ဟေ့လူ လမ်းဘေးကပ်ဗျို့...
ဘရိတ်မမိဘူးခင်ဗျာ..!?"တောင်လမ်းဖောက်ကာ ဆောက်ထားသော မြေပြင်မညီညာသည့် အနေအထားက နေအိမ်တွေမို့
ကျောက်တန်းလမ်းရဲ့ တဖက်တွင် လက်ရန်းမရှိတော့
ဒီယီးဒယိုင်ဖြစ်နေသော စက်ဘီးနှင့်ကောင်လေးက
ကျနော့်နားကနေ အော်ပြောလိုက်တော့ စကားကြောင့်...ရုတ်တရက် ထိတ်ခနဲဖြစ်သွားရသည့် စိုးရိမ်မူနှင့်အတူ..
ရှေ့နားက နားကျပ်နှင့် ကောင်လေးဆီ ပြေးသွားလိုက်တော့သည်...