' မင်းကွာ ...ကြိုပြောတာ မဟုတ်ဘူးးး! '" ဟုတ်ကဲ့...ကျနော် တကယ်တောင်းပန်ပါတယ်ခင်ဗျာ ...
"' အေး...အထက်ကတော့ လူရှိရင်အဆင်ပြေတာပေါ့ ..
ဒါပေမဲ့ ..ဒီမှာ မင်းနေရာကြာကြာလွတ်ထားရင်
မကောင်းဘူးကွ...ငါက မင်းအတွက်ပြောနေတာ
သဘောပေါက်တယ်မလား..?'"ဟုတ်ကဲ့..ကျနော် သဘောပေါက်ပါတယ်..ဒီတလ
အပြီးအစီးအဆုံးသတ်ပြီးတာနဲ့ တစ်ခါတည်းပြန်လာခဲ့ပါ့မယ်.."' အေး..အေး...ဒီကြားထဲ အကြောင်းထူးရင်လည်း
ငါ အကြောင်းကြားလာမယ် ..'သုံးလစီမံကိန်းဆောက်လုပ်ရေးတွေက မပြီးသေးပေမဲ့
ကျနော် ဆက်နေစလိုမလိုတော့သည်တွင် ...လူပြောင်းအစားထိုးရမည့်နေရာ ကျနော်က ဆက်နေခွင့်
ပြန် လျှောက်ခြင်းက သာမန်ကုမ္ပဏီဝန်ထမ်းတစ်ယောက်
အတွက် ...အင်မတန်မှ မိုက်မဲခြင်းလုပ်ရပ်ပင်...
လူတွေက အချစ်နဲ့ပတ်သက်ရင် ရူးမိုက်တတ်လာကြတယ်
ဆိုတာ ကျနော် အဟုတ် လက်တွေ့ကို လက်ခံပါပြီလေ..." ဘယ်လိုလဲ ...အစ်ကို့ အလုပ်က အဆင်ပြေရဲ့လား...
အဆင်မပြေရင်လည်း မနက်ဖြန် သဘက်ခါ ပြန်လိုက်လေ...
ပိတ်ရက်တွေမှာ တွေ့လို့ရတာဘဲ...."ကျနော့် အဝတ်အစားတွေကို ဝတ်ဆင်ထားပြီး
အနားရောက်လာသည့် ...
ကောင်လေးသည် မနက်စောစီး
ရင်ခုန်ဖို့ကောင်းလွန်းသည်....ဖြူသွယ်သွယ် လက်ဖဝါးနှစ်ဖက်လုံးကို အသာအယာ စုကာ
ဆုပ်ကိုင်လိုက်ပြီး ပြုံးကာ ပြောပြလိုက်သည်..." ကိုယ် တလ ဆက်နေလို့ရသေးတယ် ...ဒီကြားထဲ
တစ်ခုခုပြန် စီစဉ်ကြတာပေါ့...လောလောဆယ်ဆယ်
အဲအကြောင်းတွေ မပြောကြစို့...ဗိုက်ဆာနေပြီမလားး..
ကိုယ် တခုခုထွက်ဝယ်လိုက်မယ်...ခဏလေးဘဲစောင့်..."နေ့လည် ဆယ်နာရီမှ စားဖြစ်သော
မနက်စာသည် ဆိုင်မှ ဝယ်လာခဲ့သည့် ready made
မနက်စာဘူးလေးဖြစ်ပေမဲ့ ....ကောင်လေးနှင့် ပထမဆုံးအတူစားဖြစ်သည့် မနက်စာမို့လို့လား အတော်လေးအရသာရှိခဲ့တာ
မှတ်မိနေသေးသည်...