မဖြစ်နိုင်တော့ဘူးဆိုရင်လည်း ကံကြမ္မာက
ကျနော့်ကို မကျီစယ်သင့်ဘူးလားလို့...." ဟဲ့...ဟို အဖြူဆင်လေးက ဥက္ကဠကြီးသား ဆို?
ငါတော့ သတင်းဘဲ ကြားဖူးတာ တကယ် အဲလောက်
ချောနေမယ်လို့ မထင်ထားဘူး သိလား!?
အနီးကပ်တောင် သွားမကြည့်ရဲဘူး..တကယ်
အဲလောက်ချောလို့ တမင်ပွဲမထုတ်ထားတာလားဘဲ?"ဟုတ်ပါ့..ငါ့ဖြင့်..အိုင်ဒေါတွေရော လာတယ်လို့တောင်
ထင်သွားတာဘဲ... Sugar Mommy တွေ ဖြစ်ချင်လိုက်တာဟယ်..."" ဟုတ်ပါ့...ဒီလို မောင်လေးသာဆို တစ်သက်လုံး
အိမ်ဦးခန်းမှာ အလှတင်ပြီး ငါဘဲရှာကျွေးမှာ..တကယ် .."" ဟားဟား..နောက်ဘဝတွေထိတောင် မဖြစ်နိုင်လောက်ဘူး..ကြားတာတော့ ဥက္ကဠကြီးသားက
ဒီမှာ ရောက်နေတာ ကြာပြီဆိုလား ..
ဒါနဲ့ ကောင်လေးက ငယ်သေးပုံဘဲကို ..ဂျယ်ဂျူဒိုမှာ
ဘာလာလုပ်လဲမသိဘူးနော်..."" အလည်နေမှာပေါ့...အာ..ဟိုမှာ မန်နေဂျာကြီး လာနေပြီ
ဒီကနေ လစ်စို့ ..."ကျနော့်နံဘေး ဝိုင်းနားကနေ ထွက်သွားသော ဟိုဟယ်
ဝန်ထမ်းမလေးနှစ်ယောက် စကားကို ကြားယောင်ရင်း...မီးဆိုင်းတွေအောက်က အဖြူရောင်အနောက်တိုင်းဝတ်စုံနှင့်
နတ်သားလေးကို ....ကျနော် ငေးကြည့်ရုံသာ တတ်နိုင်တော့သည်...
ပြီးပြည့်စုံမူအပေါင်းတို့နှင့် မွေးဖွားလာတဲ့ကောင်လေးနဲ့..
ဝတ်နိုင်စားနိုင် သာမန် လူလတ်တန်းစား ကျနော့်ရဲ့...
ဘဝပေး အခြေအနေတွေက ...
မိုးနဲ့မြေလိုပင်...
မဖြစ်နိုင်မှန်းသိပါပြီ...
ထပ်ပြီး မနှိပ်စက်ပါနဲ့တော့..
ရွှေကံကြမ္မာကြီးရေ...."ဥက္ကကြီး..ဒါ ကျနော် ပြောပြောနေတဲ့ ကျနော့် တပည့်
ခင်ဗျာ.. ဒီတစ်ခေါက်ရဲ့ စီမံကိန်းအသစ်မှာ အဓိက
Design ဆွဲသူဘဲ...အရင်တခေါက်က ကျနော့်တို့
Sun ပြိုင်ပွဲမှာ ပထမရသွားတာလဲ သူကြောင့်လို့ ပြောရမယ်.."" အိုးး ဒီလူကြီး ခဏခဏပြောနေလို့ နာမည်တောင်
သိနေပြီ ..ကင်မ်ဂျုံအင် မလား..?"