အိမ်မက်ဆိုးအဖြစ်မက်နေဆဲ ကားအက်စီးဒန့် တစ်ခုက
ကျနော့် အကြားအာရုံတွေကိုဘဲ ဆုံးရှုံးစေခဲ့တာမဟုတ်...သုံးနှစ်လုံး အချိန်ပေးကာ ကြိုးစားခဲ့ရတဲ့ Idol
တစ်ယောက်ဖြစ်ချင်ခဲ့တဲ့ ကျနော့်အိမ်မက်တွေကိုပါ
ထာဝရ ဆုံးရှုံးခဲ့တဲ့နောက်မှာ...ကျနော် လောကကြီးကနေတောင် ပျောက်ကွယ်
သွားချင်ခဲ့သည်....ငယ်ငယ်ကတည်းက ခင်လာခဲ့သည့် သူငယ်ချင်းတွေနဲ့အတူ
အိမ်မက်တစ်ခုကို အကောင်အထည်ဖော်နိုင်ခဲ့မယ်လို့
ထင်ခဲ့ပေမဲ့....ကံကြမ္မာ အလှည့်အပြောင်းတစ်ခုမှာ ...
ကျနော်က အရှုံးသမားတစ်ယောက်လို
ကျန်ရစ်ခဲ့ရသည်လေ..ကျနော် ဆေးရုံရောက်နေတဲ့အချိန်မှာ ပွဲဦးထွက်ကိစ္စတွေထဲ ပါဝင်နေရလို့ဆိုပြီး စာလေးတွေနှင့် ပန်းစည်းလက်ဆောင်တချို့သာ ပို့ခဲ့ပြီး ...
ကျနော့်ကို တစ်ခါမျှပင် လာမကြည့်ခဲ့သော
သူငယ်ချင်းတွေကို ..ကျနော့်သူငယ်ချင်းလို့ သတ်မှတ်ခဲ့မိတာ..
ကျနော့်ရဲ့ တစ်ဖက်သတ်အမြင်သက်သက်သာ ဖြစ်ခဲ့ပုံ...ကျနော့်ကြောင့် အိမ်မက်တွေကို လက်တွေ့ဖြစ်လာစေမဲ့
စင်မြင့်ထက်ဆီ တက်လှမ်းရမဲ့ကိစ္စကို ထာဝရ ရပ်ဆိုင်းသွားဖို့...မမျှော်လင့်သလို လိုလည်းမလိုလားခဲ့ပါ...ဒါပေမဲ့...
တစ်ဖွဲ့သားတည်းလို့ သတ်မှတ်ထားတဲ့ ကျနော့်ကို
တစ်နာရီလေးလောက်တောင် အချိန်မပေးခဲ့ကြသည့်
သူတွေက....ကျနော့် နောက်ခံမိသားစု အသိုင်းအဝိုင်းကြောင့်သာ
ကျနော့်သူငယ်ချင်းဖြစ်ခဲ့ကြသည်ကို အနာပေါ်အနာဆင့်
သလို သိခဲ့ရသည်....တကယ်တော့...
သူတို့တွေ အားကျပြီး...အင်းးး မနာလိုဖြစ်ကြတဲ့
ကျနော်တို့ မိသားစုက ထင်သလောက် မနွေးထွေးပါလေ...ကျနော် မူလတန်းကတည်းက အိပ်ရာခွဲအိပ်ကြသည့်
ကျနော့်မိဘတွေအကြောင်း အပြင်လူတွေ မသိတာ
ကျနော့်မိဘတွေရဲ့ အများရှေ့ ဟန်ဆောင်ကောင်းနိုင်မူပင်...