' မင်းရဲ့ အချစ်ရေးရာကလည်း ပဟေဠိဆန် လွန်းသွားပြီ....
ငါတောင် မစဉ်းစားပေးတတ်တော့ဘူးး...!'" .အေးးဟ...ငါလည်း ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်းတောင်
မသိတော့ပါဘူးကွာ..."ကျနော် စိတ်ပျက်လက်ပျက်နှင့် ကုတင်ပေါ်ထိုင်ပြီး
ဂျုံဒယ်နှင့် ဖုန်းပြောရင်း ခေါင်းမှ ဆံပင်တွေကိုသာ ဖွနေမိတော့သည်...' ဒီအခြေအနေမှာ ငါပြောစရာလေးရှိနေတယ်ဟ..'
"ပြောလေ.."
' ချန်းယော်လ်နဲ့ဘက်ခယွန်းး လေ.. ငါ့ကို
ညာပြောနေတာဆို သိပ်ကောင်းမှာဘဲ ...'ငိုသံပေါက်နေသော ဂျုံဒယ်စကားကို ကျနော်
သိပ်စိတ်မဝင်စားသော်လည်း...." ဘာကိုလဲ?"
' အဲကြောင်နဲ့ကြွက်နှကောင်က ချစ်သူဖြစ်သွားတာ
နှစ်လရှိနေပြီတဲ့ဟ...! ငါ့မှာ နောက်နေတာမလားမေးတော့
ဟိုလောရှည်ကောင်ကလေ ငါ့ရှေ့မှာတင် ဂျပုကောင်ကို
ဖက်နမ်းလိုက်တာ အားရပါးရဘဲ ..ငါ့မှာ အိမ်မက်ထဲတောင် ပါလာလို့ လန့်နိုးရတယ်..!ငါ အခုထိ မယုံနိုင်သေးဘူး..'အရင်ကစိတ်နဲ့ဆို ကျနော် ဂျုံဒယ်ထက်ပင် ပို၍ လန့်နေမိ
နိုင်ပေမဲ့....ယခုမှာတော့...
အဲဒါက ကျနော့်အတွက် အထူးအဆန်းမဟုတ်သလို..
ကျနော် အားကျစိတ်ပင် ဖြစ်မိသွားသေးသည်..." ဟုတ်လား...ငါမနက်ကျရင် ဂုဏ်ပြုကြောင်း စာပို့လိုက်အူန်းမယ် .."
'ဟင်? မင်း မလန့်ဘူးလား!? အင်း မင်းက အခု
ရင်ဘတ်ကြီးအခြေအနေမကောင်းလို့ ဖြစ်နိုင်ပေမဲ့
ပြောပြထားတာပါ အဲနှကောင်က ပြောသေးတယ်
သူတို့နှယောက်ကို ရွံ့လို့ သူငယ်ချင်းစာရင်းကနေ ထုတ်လည်း စိတ်မဆိုးပါဘူးတဲ့ ..ဒီအတိုင်း သူငယ်ချင်းတွေကို ပွင့်လင်းချင်လို့ဆိုဘဲ... ငါ စဉ်းစားကြည့်တာ လန့်ချင်စရာတော့ကောင်းပေမဲ့ သူငယ်ချင်းစာရင်းကနေ ထုတ်ပစ်လိုက်ရအောင်ထိတော့..ငါဘဲ အသည်းမမာနိုင်တာလားဘဲ...
အဲဒါ မင်းရော ဘယ်လိုထင်လဲ? '