တလဆိုသည့် အချိန်ကာလလေးက မျက်စိတစ်မှိတ်အတွင်း
ကုန်သွားခဲ့သည်မို့ ...ကျနော် ကောင်လေးတစ်ယောက်ကို ချန်ပြီး ဆိုးလ်ပြန်လာခဲ့ရသည်....
တပတ်အတွင်း လိုက်လာခဲ့မည်ဟူသော ကောင်လေးက
တကယ်ပင် တစ်ပတ်အတွင်းတွင်
ဆိုးလ်ကို ပြန်ရောက်လာခဲ့ပေမဲ့...ကျနော် ချက်ချင်းတွေ့ခွင့်မရသေးသည်မို့....
ဒီဇိုင်းဌာနမှ ခေါင်းဆောင် နေရာရာက်သွားရသည်ကိုလည်း
မပျော်နိုင်ပါ....အလုပ်သဘောအရ ဂုဏ်ပြုစားသောက်ပွဲက ကြာအုန်းမှာမို့
ထပြန်လို့ မဖြစ်သည့် ကျနော် သန့်စင်ခန်းသွားဟန်ပြကာ
ကောင်လေးဆီ စာပို့ရသည်...* ကိုယ်တို့ တွေ့လို့ အဆင်မပြေသေးဘူးလား ?*
* ကျနော် အိမ်ကတွေကို မနက်က ဖွင့်ပြောလိုက်ပြီ..
အစ်ကိုလို့တော့ မပြောသေးပေမဲ့...ဖေဖေက
အရမ်းစိတ်ဆိုးနေလို့ ...ဒီအပတ်ထဲတော့ တွေ့လို့ရမယ်
မထင်ဘူး အစ်ကို..*ကျနော် ရင်မောစွာနှင့် စာပြန်ရိုက်ရသည်.
* အရမ်းဆူခံနေရရင် ကိုယ် တောင်းပန်ပါတယ်..
ဘာမှ မလုပ်ပေးနိုင်သေးလို့ ..** မပူပါနဲ့...ကျနော်က ဘာမှမကြားရတာကို :3 *
ကောင်လေးပို့လာသည့် စာကိုကြည့်ပြီး
ကျနော် ရီရအခက် ငိုရအခက်ပင်...* တကယ်ပြောတာ..မေမေက ကျနော့်ဘက်မို့ ..
ဖေဖေက သိပ်ကြာကြာစိတ်ဆိုးနိုင်မှာမဟုတ်ဘူးထင်တယ်..
အဲမတိုင်ခင် ခဏလေး သည်းခံနေကြရအောင်..နော်..
ကျနော် ဖုန်းခဏခဏ သုံးနေတာသိရင် ဖုန်းသိမ်းသွားမှာ စိုးလို့..မနက်ဖြန်မှ စာပြန်ပို့တော့မယ်နော်...
အစ်ကို လွမ်းတယ် ** အင်း...ကိုယ်လည်း လွမ်းတယ် *
ထိုညက ကျနော် ရီဝေဝေနှင့် ...
အလုပ်ကိစ္စကြောင့်သာ ရောက်ဖူးသည့် လူချမ်းသာရပ်ကွက်
ထဲ တက္ကစီ တစ်စီးနှင့် ရောက်ခဲ့သေးသည်....တိုက်ခြံကျယ်ကြီးတစ်ခုကို ခဏငေးကြည့်ပြီး
အမူးပင်ပြေသွားသည်မို့....