* Morning ~ ** Morning အစ်ကို *
* Have a nice day ~^^*
* U too *
* Morning Sehun*
* morning အစ်ကို *
* Goodnight *
* Goodnight *
ကျောင်းတုန်းကတော့ ပညာရေးဘက်ကို ဦးစားပေးနေရလို့
ဆိုပြီး အပျော်ရည်းစားတွေ မထားဖြစ်ခဲ့သည့် ကျနော်...ကျောင်းပြီးတော့လည်း အလုပ်တစ်နေရာရဖို့ပြန် လုံးပမ်း
နေရတော့...အရာရာနေရာတကျ တည်ငြိမ်လာတဲ့အခါမှာ...
ကျနော် လူပျိုကြီးစာရင်း လုံးလုံးဝင်သွားသလို...
တဖက်လူ ကြွေကျလာအောင် ကျနော် မပြောတတ်နေတာ
ခက်သည်...ဖုန်းနံပတ်ရထားသော်လည်း
ကောင်လေးက စာပို့လာ လို့လည်းပြောထားတော့
စာဘဲပို့ကာ ဖုန်းမဆက်ရဲနေ...ပို့သည့်စာတွေကလည်း ကျနော် ဖတ်ကြည့်ရင်တောင်
ကျနော် ဘဝင်မကျမိသည်မို့....Morning Goodnight ကို နှစ်ရက်နှင့်ရပ်ပစ်ကာ
တခြားဟာ ပြောင်းကြည့်ဖို့ လုပ်ရသည်..* မနက်စာစားပြီးပြီလား? *
*အင်းး အစ်ကိုရော?*
* စားပြီးပြီ..အိမ်မှာဘဲလား? ကိုယ်က အခု ရုံးမှာ *
* အင်းး ဒါနဲ့..ဖုန်းသုံးလို့ရတယ်ပေါ့? *
* အင်း ခဏတဖြုတ်ဆိုပါတော့ XD *
* ဒါဆို နောက်မှ ပြောကြမယ်လေ...*
ဂျုံဒယ်ပြောသလို ကျနော်က တုံးလွန်းသည်ထင်ပါ့...
စကားကို ဆက်သွားအောင် မလုပ်နိုင်ရုံမက
တုံးတိပြတ်သွားအောင် လုပ်မိသည်လေ...မဟုတ်သေးပါဘူး...
* အင်း..ဒါဆို ဒီညမှ ဆက်ပြောရအောင်..*
Seenဖြစ်သွားပေမဲ့ ဘာမှ ပြန်စာမလာတာကြောင့် ...
ကျနော် တနေ့လုံး ဖုန်းတကြည့်ကြည့်နှင့်
အလုပ်လုပ်တာတောင် စိတ်မပါ...ညရောက်တော့ ဘလိုမှ မနေနိုင်လို့ ဖုန်းခေါ်လိုက်ပေမဲ့...
တဖက်က မကိုင်ပေးတော့ ..