To My Beautiful Sin

732 57 14
                                    

မျက်တောင်အနက်လေးတွေရဲ့
အစွန်အဖျားမှာ
ကျနော့်အသက်ရှူသံတွေထည့်သွင်းထားတယ်
ခင်ဗျားလွမ်းရင်နားထောင်ဖို့

အရည်တစ်မျိုးနဲ့လဲ့နေတဲ့
ခင်ဗျားသမင်မျက်ဝန်းလှလှလေးတွေမှာ
အချိန်တိုင်းကျရှုံးနေချင်တော့လည်း
အခက္သား

ခပ်ပါးပါးနှုတ်ခမ်းထက်က
ချစ်တယ်ဆိုတဲ့စကားဟာ
ဘယ်သူမှမသိတဲ့အခန်းတစ်ခုထဲမှာ
ခင်ဗျားကျနော့်ကိုခနခနပြောတတ်ပေမဲ့
လူသိရှင်ကြားဘဝထဲမှာတော့
အဲ့စကားကိုကျနော်ကြားပိုင််ခွင့်မရှိခဲ့ဘူးနော်

မချစ်တော့ဘူးတဲ့လား
ခင်ဗျားကျနော့်ကိုမချစ်တော့ဘူးတဲ့လား

ရယ်ရတယ်ခင်ဗျားရယ်
Messageလေးတစ်စောင်လောက်ပဲပို့လိုက်ပေါ့
အခုခင်ဗျားကိုယ်တိုင်လာပြောမှတော့
သွားပြီပေါ့ဗျ\

ကျနော်ကခင်ဗျားနှလုံးသားကိုမဖတ်တတ်တဲ့သူဆိုတော့လေ
လမ်းခွဲစကားပြောတဲ့အချိန်မှာ
သေလောက်အောင်နာကျင်နေတဲ့
မျက်ရည်ဝဲဝဲခင်ဗျားမျက်ဝန်းတွေ

တုန်ရင်နေတဲ့ခင်ဗျားနှုတ်ခမ်းပါးတွေကို
ကျနော်မမြင်ဘူးဆိုတော့ကာ

ထားပါတော့လေ

တစ်ခုတော့ကျေနပ်တယ်
ကင်မရာရှေ့မှာသရုပ်ဆောင်တတ်လွန်းတဲ့
ခင်ဗျားကြီးက
ကျနော့်ရှေ့မှာသရုပ်ဆောင်ဖို့
ဘယ်လိုမှပါရမီပါမလာတာကိုပေါ့

ဆင်တူအကျၤ ီ လေးနဲ့ပါလား
ခင်ဗျားနဲ့ခင်ဗျားမဒီလေးက

အဟက်...!!ကျတော်နာကျင်ပြမနေပါဘူး
ကျနော်နဲ့ခင်ဗျားမှာရှိတာတွေအကုန်နီးပါးက
ဆင်တူတွေချည်းပဲဟာ

ကိုရီးယားမှာကျနော်ပစ္စည်းတစ်ခုဝယ်ရင်
ဘေဂျင်းမှာခင်ဗျားဖို့တစ်ခုရောက်ပြီးသား
အဲ့လိုပဲ
ဘေဂျင်းမှာခင်ဗျားShoppingထွက်တိုင်း
နောက်နေ့မနက်For Hunဆိုပြီး
Flightနဲ့ရောက်လာပြီးသား

Cartierတွေ

Couple Shoesတွေ

Couple rings တွေ

Couple နာရီတွေ

သိသိသာသာရောမသိမသာရောဆင်တူတဲ့
အကျၤ ီဒီဇိုင်းတွေ

Unfinished StoryWhere stories live. Discover now