#unicode
❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄
များပြားလှတဲ့ လူတွေ..လူတွေ...ဒါဟာ
လူသားရဲ့သွေးကို ဆာလှောင်နေပီဖြစ်တဲ့vampireတစ်ကောင်ကိုဘယ်လောက်တောင် စွဲဆောင်နေသလဲဆိုတာ...."မဖြစ်ဘူး...ငါစိတ်ထိန်းမှဖြစ်မယ်...လူသားတွေ ငါ့ဟာvampireဆိုတဲ့အကြောင်း သိစေလို့မဖြစ်ဘူး...
မဟုတ်ရင် ငါ့နန်းတော်ကြီး ပျက်သုဉ်း သွားလိမ့်မယ်...
ဘာလို့..လူသားတွေ ဒီလောက်များနေရတာလဲ?ညတောင်ရောက်နေပီကို!ဒီလူသားတွေ အတော်ခက်သကိုး!"ဂမ်နမ်ရဲ့မြို့ပြလမ်းမထက်မှာ တစ်ယောက်တည်း
ပွစိပွစိပြောနေတဲ့ သူဟာ နှစ်300 သက်တမ်းရှိvampireမှန်း မည်သူက ယုံလိမ့်မည်နည်း?"အချိန်ကြပြီ! အခု ငါ့အစေအပါးတွေအတွက် လူသားအယောက်30ရှာရမယ်...ညဘက်ရှာမှ အဆင်ပြေလိမ့်မယ်...နေ့ဆိုရင် နေရောင်နဲ့ ပြာကျသွားနိုင်တယ်..."
ထိုသို့ပြောဆိုရင်း ခြေဦးတည့်ရာ လျှောက်သွားလေသည်။
အချိန်အတန်ကြာသော် အချုပ်ကား တစ်စီးဖြတ်သွားသည်ကို မြင်လိုက်လေသည်။
ထိုအချိန် Jiminမှာ အင်မတန် ဝမ်းမြောက်သွားသော မျက်နှာဖြင့် အချုပ်ကား ရှေ့ လေဟုန်ကဲ့သို့မြန်ဆန်သော
အရှိန်ဖြင့် ကားရှေ့ပိတ် ရပ်လေသည်။**ကျွိ!!!!**
ရဲသားနှစ်ယောက် လည်း ကားကို အချိန်မှီ ဘရိတ်အုပ်လိုက်နိုင်သည်ကို ကြည့်ခြင်းဖြင့် အတော် လန့်သွားပုံပေါ်သည်။ ထို့နောက် ရာထူးကြီးတစ်ယောက်ဟု ခန့်မှန်းရလောက်သည့် လူတစ်ယောက်က ဆင်းလာပြီး...
"*ဟေ့... သေချင်လို့လား?
မင်းကိုပါ တစ်ခါထဲ ထောင်ထဲအရောက် ပို့ပစ်လို့ရတယ်နားလည်လား?""တိတ်စမ်း! ရာရာစစ ငါ့ကို ဘယ်သူထင်နေလို့ အသံကျယ်ကြီးနဲ့ အော်နေရတာလဲ ဒီလူသားကတော့"
ထိုအခါ Jimin မျက်လုံးမှာ အပြာရင့်ရောင် ပြောင်းသွားပြီး ရဲမှူးအား စိတ်ညိူ့လိုက်လေသည်...
((Note-흡혈 박쥐 (heubhyeol bagjwi-ဟစ်ပ်ဟောလ်ဘက်ဂျွီ)
Koreaလို သွေးစုပ်ကောင်Vampireလို့အဓိပ္ပာယ်ရပါတယ်))
YOU ARE READING
Because I Hate U [ Completed ]
Fanfiction-ဘ၀မှာ အမုန်းဆုံး အဖြစ် သတ်မှတ်ခဲ့ဖူးတဲ့အရာကို ငါ ချစ်ခဲ့တယ်- -ဘ၀မှာ အမုန်းဆုံး အဖြစ် သတ်မှတ်ခဲ့ဖူးတဲ့အရာကို ငါ ချစ်ခဲ့တယ်- Imagine fanfiction story between Vampire and Detective { Unicode + Zawgyi }