Part-12

2.4K 313 11
                                    

#unicode

"မင်းကို ငါတကယ် မမုန်းချင်ပါဘူး...ဒါပေမယ့်...
ငါချစ်တဲ့သူကိုသတ်တာက မင်းနဲ့အမျိုးတူနေတော့ ငါဘယ်လိုမှမတတ်နိုင်ဘူး...ငါမုန်းမှဖြစ်မယ်...
တောင်းပန်ပါတယ်..."

ဧည့်ခန်းထဲတွင် တစ်ယောက်တည်းကျန်ခဲ့သော စုံထောက်ဂျွန်းမှာ တစ်ယောက်တည်း ဝေခွဲမရဖြစ်လျက် ဂျီမင်းချန်ထားခဲ့သော လက်စွပ်အား လက်သူကြွယ်တွင်စွပ်လိုက်လေသည်။

❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄

အားအင်ချိနဲ့စွာ ရောက်ရှိလာသော ဂျီမင်း...

"အရှင်!!!"

"ရတယ်... ငါ အဆင်ပြေပါတယ်..."

"ဒီလိုပုံအတိုင်းဆို အရှင့် အသက်ဆုံးရှုံးသွားနိုင်ပါတယ်"

"အဆင်ပြေ..."

သွေးများ အန်ကာ မေ့လဲသွားသော ဂျီမင်း...

"အရှင်... "

ဟွာယောင်းမှ ဂျီမင်းအား တွဲခေါ်ကာ အိပ်ယာ ထက်၌
လှဲလျောင်းထားစေပြီး...

"ဘိုးဘေးတွေ ထင်ထားတဲ့ အတိုင်း တကယ်ဖြစ်လာခဲ့ပြီပဲ အရှင်... "

ထိုအချိန်တွင် ထူးဆန်သော ရယ်သံတစ်ခုထွက်ပေါ်လာကာ

"ဘယ်လိုလဲ? ဘယ်လိုလဲ?  အရှင်သခင်က အိပ်ယာမှာ လှဲနေရပါလား?"

ဟွာယောင်းလှမ်းကြည့်လိုက်သော်...

"ဦးရီးတော် ဂျယ်ဟီး?"

"ဟုတ်တယ်... ငါပဲ"

"ရာရာစစ ဒီကိုဘယ်လိုရောက်လာခဲ့တာလဲ?"

"ဒါ အစကတည်းက ငါ့နေရာပဲလေ "

"ကျွန်မ မသတ်မိခင် ထွက်သွားပါ "

"ဟားဟားဟား မင်းကငါ့ကိုသတ်မယ်? ဘယ်လိုသတ်မှာလဲ?"

"အစောင့်တွေ လာကြစမ်း!!!ဒီ ဘိုးတော်ကို ဆွဲခေါ်သွားကြ"

"ခေါ်မနေနဲ့! ငါသတ်လို့သေကုန်ပြီ"

"ဘာ... ရှင်က ရာရာစစ"

"မင်းနဲ့မဆိုင်တဲ့ နေရာမှာဝင်မပါပဲ ဘေးဖယ်နေစမ်း! အဲ့မှာ လှဲနေတဲ့ ကောင်လေးရဲ့သွေးကို် ငါသောက်မှဖြစ်မယ်"

Because I Hate U [ Completed ]Where stories live. Discover now