#unicode
❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄
ရဲဌာနရုံးချုပ် မှ ထွက်လာပြီးနောက် စတိုးဆိုင်တွင် ဆိုဂျူနှင့်အမြညး်များဝယ်ယူ၍ ဟန်မြစ်သို့ဦးတည်လေကြသည်။ဟန်မြစ်သို့ရောက်သော် ဆိုဂျူနှင့်ပြည်ကြီးငါးခြောက် ကိုတွဲဖက်စားသောက်လျက် နှစ်ဦးသားစကားမြည်ပြောရင်း ဆိုဂျူပုလင်အား မော့သောက်လျက်
"Jungkookရေ ငါကတော့လေ မင်းအနေနဲ့ တရားခံကိုရှာမတွေ့နိုင်ခဲ့ဘူးဆိုတာ နားရှိလို့သာကြားရတယ် အခုထိ မယုံနိုင်သေးဘူး..."
"အဖွဲ့မှူး"
"အင်း ဘာလဲ"
"ကျွန်တော် ဘယ်လိုလုပ်ရင်ကောင်းမလဲ"
"ဘာကိုလဲ"
"တကယ်တော့လေ ကျွန်တော်က..."
စုံထောက်ဂျွန်းလည်း 3ပုလင်းမြောက် ဆိုဂျူပုလင်း
အား တဖန် မော့သောက်လျက်ခေါင်းမဖော်ဘဲ ရင်ဖွင့်လေသည်။"အင်း မင်းက?"
"ကျွန်တော် တရားခံကိုရှာတွေ့ခဲ့တယ်"
စုံထောက်ဂျွန်း၏ရင်ဖွင့်သံကြောင့် အဖွဲ့မှူးမှာ အင်မတန်shockဖြစ်သွားကာ...
"ဘာ? အဲ့တာကို ဘာလို့ လျှို့ဝှက်ထားတာလဲ၊
မင်းဒီလိုလျှို့ဝှက်ထားတာ ဌာနမှူးသိသွားခဲ့ရင် အဲ့အချိန်တကယ်အဆုံးသတ်ပြီ""ကျွန်တော်သိပါတယ်၊ ကျွန်တော်ပြောပြဖို့ကြိုးစားပါသေးတယ် ဒါပေမယ့် လုံးဝပြောမထွက်နိုင်ဘူး။ ကျွန်တော်ပြောရင်လည်း ယုံမှာမဟုတ်ဘူး ကျွန်တော့်ကိုပဲ အရူးလို့ထင်မှာ"
"ဘာလို့လဲ၊သေချာလေးရှင်းပြစမ်းပါ"
"မင်နီး အသတ်ခံရတုန်းကလည်း သမာရိုးကျမဟုတ်ဘဲနဲ့သေဆုံးခဲ့ရတယ်။ မင်နီးကိုလူသတ်တာမဟုတ်ဘဲ vampireက သတ်ခဲ့တာပြောတုန်းကလည်း ဘယ်သူမှမယုံပေးခဲ့ကြဘူး"
"အဲ့ဒီကိစ္စက ပြီးခဲ့တာကြာသွားပြီလေ၊ မင်းလဲ အဲ့ဒီကိစ္စကြောင့် အများကြီးစိတ်ဒုက္ခရောက်ခဲ့ရတာပဲ"
"ကျွန်တော်က Vampireတွေကို အရမ်းမုန်းတာ အဖွဲ့မှူးသိတယ်မလား၊"
YOU ARE READING
Because I Hate U [ Completed ]
Fanfiction-ဘ၀မှာ အမုန်းဆုံး အဖြစ် သတ်မှတ်ခဲ့ဖူးတဲ့အရာကို ငါ ချစ်ခဲ့တယ်- -ဘ၀မှာ အမုန်းဆုံး အဖြစ် သတ်မှတ်ခဲ့ဖူးတဲ့အရာကို ငါ ချစ်ခဲ့တယ်- Imagine fanfiction story between Vampire and Detective { Unicode + Zawgyi }