#unicode
❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄
စုံထောက်ဂျွန်း ရုံးချုပ်ထဲသို့ရောက်လျှင်ရောက်ခြင်း
အဖွဲ့မှူးအား နူတ်ဆက်ကာ မိမိစားပွဲထံသို့ ခြေလှမ်းသွက်သွက်ဖြင့်လျှောက်လှမ်းကာ အားပါးတရ ထိုင်ချလိုက်လေသည်။"မလာတာကြာလို့လားမသိဘူး ငါ့စားပွဲတောင် တအားပိန်သွားသလိုပဲ အစ်!"
ဘေးနားတွင်ထိုင်နေသော ရဲမေလေးမှ ကြားသွားကာ
မရယ်မိအောင် ထိန်းထားလျက်..."စီနီယာ! သတိထားပါအုံး...ဘယ်လိုလုပ်ပီး စားပွဲက ပိန်သွားရမှာတုန်း စီနီယာရဲ့..!စီနီယာ နည်းနည်းမူးနေသေးတယ် နားလိုက်ပါလား
အခုတလော အမှုတွေသိပ်မရှိပါဘူး အဆင်ပြေပါတယ် ကျွန်မလုပ်ထားလိုက်မယ်
စီနီယာ အနားယူလိုက်ပါအုံး ပင်ပန်းနေတဲ့ပုံပဲ""ရပါတယ် ငါ သတိရှိနေသေးတယ် ဒါနဲ့
ဟိုအမှု ဘယ်လိုဖြစ်သွားပြီလဲ?""ဘယ်အမှုလဲ စီနီယာ?"
"လူတွေပျောက်သွားတဲ့ အမှုလေ"
"အား! အဲ့ဒီအမှုလား? အဲ့ဒါ အထက်က အခုချိန်ထိတရားခံရဲ့အစအနကိုမသိရကောင်းလားဆိုပြီး တခြားအဖွဲ့ကိုလွှဲပေးလိုက်တယ် စီနီယာ.."
"ဘာ!!! မဖြစ်တော့ဘူး
ငါသွားပြောမယ်...အခုနက လူ တစ်ယောက်နဲ့တွေ့ပီးအမူးပြေတာတစ်မျိုး အခု ဒီသတင်းကြားပြီ ပိုအမူးပြေသွားပြီ! Shit!!!"" စီနီယာ ပြသာနာပိုပြီးရှုပ်သွားလိမ့်မယ် စိတ်ထိန်းပါအုံး..!"
"ရတယ်! ငါဒီအမှုကိုသေချာဖော်ထုတ်မယ်...
ငါ့ချစ်သူအတွက်လဲ တရားမျှတမှုကိုဖော်ထုတ်ရအုံးမယ်!"ထိုင်ခုံမှ ထကာ ဌာနမှူးဆီသို့ သွားတွေ့လေသည်။
*ဒေါက်!ဒေါက်*
ဌာနမှူးအခန်းသို့ရောက်သော်....
"ဌာနမှူး ကျွန်တော့်တို့တာဝန်ယူထားတဲ့အမှုကို ကျွန်တော့်တို့အဖွဲ့ကပဲ ပြီးအောင်တာဝန်ယူပါ့မယ်..
တခြားအဖွဲ့ကို လွှဲပေးတာမျိုး မလိုချင်ပါဘူး..
ကျွန်တော်တို့အဖွဲ့ကိုပဲ ပြန်လွှဲပေးပါ!တောင်းဆိုပါတယ်"
YOU ARE READING
Because I Hate U [ Completed ]
Fanfiction-ဘ၀မှာ အမုန်းဆုံး အဖြစ် သတ်မှတ်ခဲ့ဖူးတဲ့အရာကို ငါ ချစ်ခဲ့တယ်- -ဘ၀မှာ အမုန်းဆုံး အဖြစ် သတ်မှတ်ခဲ့ဖူးတဲ့အရာကို ငါ ချစ်ခဲ့တယ်- Imagine fanfiction story between Vampire and Detective { Unicode + Zawgyi }