#unicode
1လခန့်ကြာသော်...
"Hello..."
"စီနီယာ Jungkook..."
"အင်း...ဘာလဲပြော"
"ဌာနမှူးက ခေါ်နေတယ် အမြန် လာမှဖြစ်မယ်"
"အခုလား? အင်း"
"ဒါနဲ့ စီနီယာ အသံကဘယ်လိုဖြစ်နေတာလဲ?"
"ဘာမှမဟုတ်ဘူး...အအေးမိထားလို့ ဒါပဲ ဖုန်းချတော့မယ်"
ဖုန်းချပြီးသည်နှင့်တပြိုင်နက် ရဲမေ၏ အသံမှာပြောင်းသွားလျက်...
"မင်းနဲ့ Park Jiminကို အဆုံးသတ်ဖို့ ငါမစောင့်နိုင်တော့ဘူး...ဟားဟားဟား"
❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄
"ဒီနေ့မှ ကားလမ်းတွေကလည်း အရမ်းရှုပ်နေတယ်...အား စိတ်ရှုပ်လိုက်တာ..."
ထို့နောက် အိတ်ကပ်ထဲမှ ဖုန်းအားထုတ်လိုက်ပြီး...
"ဟေ့...ရဲမေ မင်ယူ"
"ဟုတ်ကဲ့ စီနီယာ"
"ငါနောက်ကျမယ်... ကားလမ်းတွေကြပ်နေတာ "
"ကြာမှာလား? "
"ကားလမ်းကြပ်နေပါတယ်ဆိုမှ"
"ရပါတယ် ဖြေးဖြေးပေါ့...အချိန်ရှိပါသေးတယ် စီနီယာအပြင် နောက်ထပ်တစ်ယောက်ကိုခေါ်ထားသေးတယ်...လူတော့မဟုတ်ဘူး"
"ဟမ်? ဘာကြီး? မကြားလိုက်ဘူး...ကား ဟွန်းသံ ံတွေဆူညံနေလို့ ဖုန်းချပြီဟေ့ ဒါပဲ"
ကားဟွန်းသံတွေကြောင့် ဆူညံနေသဖြင့် ဖုန်းကိုအလျင်အမြန်ချလိုက်သဖြင့် တဖက်တွင်
ရဲမေ မင်ယူ အသွင်ဖြင့် Vampire ဂျယ်ဟီး မှ..."ဒီအရိုင်းအစိုင်းလေးကတော့ သူချည်းပဲပြောပြီး ဖုန်းချချ သွားတယ် ငါလုပ်ထည့်လိုက်ရ..."
1နာရီခန့်ကြာသော်....
Seoul အကြမ်းဖက်နှိမ်နှင်းရေး ရုံးချုပ်သို့ရောက်ရှိလာသော Jungkook...
"ဘာလဲဟ...ဘယ်သူမှမတွေ့မိပါလား"
"စီနီယာ ရောက်လာပြီလား? အကြာကြီးစောင့်လိုက်ရတယ်"
"Sorry ကားတွေတအားကြပ်နေလို့... ဒါနဲ့ တခြားသူတွေရော?"
"အပေါ်ထပ်မှာ အမြန်လိုက်ခဲ့"
YOU ARE READING
Because I Hate U [ Completed ]
Fanfiction-ဘ၀မှာ အမုန်းဆုံး အဖြစ် သတ်မှတ်ခဲ့ဖူးတဲ့အရာကို ငါ ချစ်ခဲ့တယ်- -ဘ၀မှာ အမုန်းဆုံး အဖြစ် သတ်မှတ်ခဲ့ဖူးတဲ့အရာကို ငါ ချစ်ခဲ့တယ်- Imagine fanfiction story between Vampire and Detective { Unicode + Zawgyi }