#unicode
❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄
"စီနီယာ!"
စားပွဲခုံပေါ်မှောက်လျက်အိပ်နေသော စုံထောက်ဂျွန်းအား ရဲမေမှ အလောတကြီးခေါ်ကာ
"စီနီယာ...ထပါတော့ ဌာနမှူး လာလို့ မိသွားရင် သွားပြီနော်"
ရဲမေ မင်ယူ မှ သူမ၏လက်ဖြင့် လည်ပင်းအား ဖြတ်သည့်ပုံစံဖြင့်လုပ်ပြနေသည်။
အိပ်ချင်မှူးတူးဖြင့် နိုးလာသော စုံထောက်ဂျွန်းမှာ
ခေါင်းမလျှော်ရေမချိုးထားသော်လဲ ပေစုတ်စုတ်ပုံစံဖြင့်ဖရိုဖရဲလေးနှင့် အလွန်ချစ်ဖို့ကောင်းနေသည်မှာအမှန်ပင်...."နားငြီးလိုက်တာ ...နင် ပါးစပ်မပိတ်သေးဘူးလား!"
"ကျွန်မက စေတနာနဲ့ပြောတာပါနော် စီနီယာ"
"တော်ပြီ! မနေ့ညက ငါပြောထားတဲ့ ကိစ္စဘယ်လိုလဲ?"
"ဘာကိုလဲ?"
"CCTV မှာရှာထားခိုင်းတာလေ ဟိုလက်စွပ်"
"အား!အဲ့တာလား? စိတ်တော့မကောင်းပါဘူး စီနီယာ မနေ့ညက ကျွန်မတို့ဌာနက CCTVတွေအကုန်လိုင်းပြတ်တောက်ကုန်ပါတယ်!
အဲ့တော့ အဲ့လက်စွပ် ဘယ်သူယူသွားသလဲဆိုတာ လုံးဝ လုံးဝ လုံးဝ လုံးဝ မသိလိုက်ရဘူး စီနီယာရှင့်""နင် ငါ့ကိုရွဲ့နေတာလား?"
"မဟုတ်ရပါဘူးရှင်"
"စိတ်ရှုပ်လိုက်တာ သိပြီ သိပြီ နင်သွားတော့"
"ဟုတ်ကဲ့ပါရှင်!"
ရဲမေလည်း အလေးပြုကာ ထွက်သွားလေသည်။
"တကယ်ပဲ ဘယ်ရောက်သွားတာလဲကွာ
မသိတော့ဘူး ရူးတော့မယ်!!! ဘာလို့ လောကကြီးက ဒီလောက် ခက်ခဲတာလဲ?
ကိုယ့်စိတ်တိုင်းကျလဲ ဖြစ်ခွင့်မရှိဘူး!နေရထိုင်ရတာလဲ ဘာအဓိပ္ပာယ်မှမရှိသလိုပဲ"အဖွဲ့မှူးမှ ရောက်လာကာ....
"Yah!! ဘာတွေပြောနေတာလဲ? ရူးနေလား?"
"ဟုတ်ကဲ့ ရူးခါနီဆဲဆဲ ပါပဲ အဖွဲ့မှူးရေ!"
"အခုတော့ရူးလို့မဖြစ်သေးဘူး ဟေ့ကောင်ရ!"
"သိပါတယ် သိပါတယ်! ကျွန်တော်လဲ စိတ်ထိန်းနေပါတယ်"
"ကောင်းတယ် ...ဖိုက်တင်း"
YOU ARE READING
Because I Hate U [ Completed ]
Fanfiction-ဘ၀မှာ အမုန်းဆုံး အဖြစ် သတ်မှတ်ခဲ့ဖူးတဲ့အရာကို ငါ ချစ်ခဲ့တယ်- -ဘ၀မှာ အမုန်းဆုံး အဖြစ် သတ်မှတ်ခဲ့ဖူးတဲ့အရာကို ငါ ချစ်ခဲ့တယ်- Imagine fanfiction story between Vampire and Detective { Unicode + Zawgyi }