#Unicode
❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄
ယခင်ကတိတ်ဆိတ် ခြောက်ကပ်နေတဲ့ အိမ်ကလေးဟာ အခုတော့ အသက်ဝင်လျက်...
"ချာတိတ် ဘယ်တွေ သွားနေတာလဲ?"
"ဒီတိုင်း စာကြည့်တိုက်မှာသွားနေနေတာ"
"ဟုတ်လား? နေရောင်ထိလို့မရဘူးဆု်ိ?
တစ်နေကုန် အဲ့အထဲမှာပဲနေနေတာပေါ့! ဒါနဲ့ ငါသိချင်တာလေးလေ မင်းရဲ့ ညာဘက်လည်ပင်းက အမာရွတ်က အဲ့တာမွေးရာပါလား?"ဂျီမင်း ၏ ညာဘက်လည်ပင်းတွင် အမာရွတ်လေးခုရှိသည်ကို စုံထောက်ဂျွန်းသတိထားမိလေခြင်းဖြစ်သည်။
ဂျီမင်းမှ မိမိ၏လည်ပငး်အား ကိုင်လိုက်ပြီးနောက်
"ဘာမှမဖြစ်ဘူး ငယ်ငယ်တုန်းက ဖြစ်တဲ့ဟာ ဒါနဲ့နေပါအုံး ဘာလို့အဲ့လောက်စပ်စုနေတာလဲ? "
"ဘာ? ငါက ဒီအတိုင်း စိတ်ပူလို့ပါ"
"ထားလိုက်ပါတော့ "
"အေးပါကွာ...ငါပြောစရာရှိတယ်...
ငါဒီရက်ပိုင်း အိမ်ပြန်လာဖြစ်မှာမဟုတ်ဘူး
အမှုတစ်ခု စုံစမ်းဖု့်ိရှိတယ်...အဲ့တာကြောင့် ငါမရှိတုန်း
ဒီအိမ်ကို သေချာစောင့်ထားပေးအုံးလို့ ပြောမလို့""ရတယ်လေ..."
"ဒါပဲလား?"
"ဘာကို ဒါပဲလား လဲ?"
"အမှုအကြောင်းမမေးတော့ဘူးလားလို့? မသိချင်ဘူးလား?"
"မသိချင်ပါဘူး ပြန်မလာလည်းရပါတယ် ကျွန်တော်တစ်ယောက်တည်းနေရဲပါတယ်"
"ဝေါင်း! ကောင်းလိုက်တာ ကောင်းလိုက်တာ...
Jeon Jungkookရေ မင်းဘယ်လိုလူကိုများအိမ်ပေါ်ခေါ်တင်ထားမိပါလိမ့်! အိမ်း...သည်းခံ သည်းခံ..."တစ်ယောက်တည်း ရေရွတ်နေသော စုံထောက်ဂျွန်း ၏ ပုံစံမှာ လွန်စွာ ချစ်ဖို့ကောင်းနေသည်။
"ဟေ့လူ!"
"ဘာလဲ"
"ကျွန်တော် တစ်ခုမေးမယ်"
"မေး"
"ခင်ဗျားမှာ ချစ်သူမရှိဘူးလား?"
မျှော်လင့်မထားတဲ့မေးခွန်းတစ်ခုကြောင့် စုံထောက်ဂျွန်း မျက်နှာပျက်သွားလေသည်။
YOU ARE READING
Because I Hate U [ Completed ]
Fanfiction-ဘ၀မှာ အမုန်းဆုံး အဖြစ် သတ်မှတ်ခဲ့ဖူးတဲ့အရာကို ငါ ချစ်ခဲ့တယ်- -ဘ၀မှာ အမုန်းဆုံး အဖြစ် သတ်မှတ်ခဲ့ဖူးတဲ့အရာကို ငါ ချစ်ခဲ့တယ်- Imagine fanfiction story between Vampire and Detective { Unicode + Zawgyi }