#Unicode
❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄
ကြမ်းပြင်နှင့် ဆောင့်ကာ သတိမေ့သွားသော စုံထောက်ဂျွန်း ကိုမြင်သော် Jiminသည်ဒေါသစိတ်နှင့် အတူ ချစ်ရသောသူကို ဆုံးရှုံးလိုက်ရမည်အထင်နှင့် ပူဆွေးသောကရောက်ကာ မျက်ရည်စများက နူးညံ့သော ပါးပြင်ထက်တွင် နေရာယူလျက်...
"ဂျယ်ဟီး!!!သတ်ပစ်မယ် မင်းရဲ့အကြံအစည်တွေဒါအကုန်ပဲလား?ဘာလို့ အပြစ်မရှိတဲ့သူတွေကိုပဲ တိုက်ခိုက်နေတာလဲ!"
"အဲ့တာကိုငါက သဘောကျလို့၊ အားနည်းတဲ့သူကို တိုက်ခိုက်ချင်တာ ငါ့ဝါသနာပ၊ဲ ဘာလဲ? မကျေနပ်ဘူးလား?"
"မင်းသတ္တိရှိရင် ငါနဲ့တိုက်"
"မင်းမှာဘာအစွမ်းအစတွေ ကျန်နေသေးလို့လဲ?မင်းရဲ့အစွမ်းတွေထည့်ထားတဲ့ လက်စွပ်ကိုငါ ဟွာယောင်းကိုပေးပြီး ဖျက်စီးခိုင်းလိုက်ပြီ"
"ဘာ... ဟွာယောင်းအခု ဘယ်မှာလဲ? ထွက်လာစမ်း
ဟွာယောင်း!!!"အမှောင်ထုတစ်နေရာမှ လျင်မြင်စွာ ထွက်ပေါ်လာသူ...
"ဟွာယောင်း မင်းရောက်လာပြီလား။ ငါ့အပေါ်ဘာလို့ဒီလိုလုပ်ရက်ရတာလဲ ဟမ်?
မင်းက နှစ်ပေါင်းများစွာ ငါ့ကိုလိမ်ညာခဲ့တာပဲ""ရှင့်အဖေက ကျွန်မ အဖေကိုသတ်ခဲ့တာ၊ အဲ့တာကြောင့်မို့လို့ လက်စားချေဖို့ရှင့်အနားမှာ နှစ်ပေါင်းများစွာနေလာခဲ့တာ"
"ဘာတွေပြောနေတာလဲ? ငါ့အဖေက သူ့အချင်းချင်းကို ဘယ်တော့မှသတ်မယ့်သူမဟုတ်ဘူး။ ငါ့အဖေက အဲ့လိုအဆင့်မရှိတဲ့သူ မဟုတ်ဘူး။ မင်းအဖေက ငါ့အဖေရဲ့ ကိုယ်ရံတော်လေ ဘာလို့ သတ်ရမှာလဲ? မင်းအဖေကိုသတ်ပါတယ်လို့ဘယ်သူပြောလဲ"
အတွေးပေါင်းများစွာဖြင့် စကားပြောရန်ပင် ခက်ခဲနေသော ဟွာယောင်းအစား ဂျယ်ဟီးမှ
"ငါ့တူမကို ငါပြောလိုက်တာ"
"တူမ? ဂျယ်ဟီး မင်းဘာတွေ လိမ်ညာထားပြန်ပြီလဲ"
ဂျယ်ဟီးလည်းJiminအားကျောခိုင်း၍ လျစ်လျူရှူထားကာ
"ဟွာယောင်း လက်စွပ်ကိုဖျက်ဆီးပြီးပြီလား"
YOU ARE READING
Because I Hate U [ Completed ]
Fanfiction-ဘ၀မှာ အမုန်းဆုံး အဖြစ် သတ်မှတ်ခဲ့ဖူးတဲ့အရာကို ငါ ချစ်ခဲ့တယ်- -ဘ၀မှာ အမုန်းဆုံး အဖြစ် သတ်မှတ်ခဲ့ဖူးတဲ့အရာကို ငါ ချစ်ခဲ့တယ်- Imagine fanfiction story between Vampire and Detective { Unicode + Zawgyi }