#unicode
❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄
*1220ခုနှစ်*
*ဗန်ပိုင်ယာ အကြီးအကဲများ ဆွေးနွေးတိုင်ပင်ခြင်း
ကျမ်းချုပ်***နောင်ကာလအတွင်း ကျွနု်ပ်တို့
အမျိုးအနွယ်ထဲက ငယ်ရွယ်တဲ့အရှင်သခင်တစ်ဦးက လူသားတစ်ဦးကို ချစ်မိသွားလိမ့်မယ် ...သူချစ်မိတဲ့လူရဲ့သွေးနံ့ချိုချိုကိုသူပထမဆုံးခံစားမိလိမ့်မယ်...
နေရောင်ခြည် ဒဏ်မခံနိုင်ပေမယ့်လဲ
အဲ့ဒီအချစ်ကြောင့် အရာရာကိုစွန့်စားလိမ့်မယ်...
ကိုယ်တိုင်က သွေးရှိမှအသက်ရှင်နိုင်မယ့်သူဖြစ်နေပေမယ့်အချစ်ဆိုတဲ့အရာကြောင့် သူအဲ့ဒီ စည်းကိုကျော်လွန်ပီး သူချစ်တဲ့သူအတွက် သူရင်ဆိုင်လိမ့်မယ်...ဒါပေမယ့် အဲ့ဒီလူသားကြောင့်........***"ဟာ..ဘာဆက်ဖြစ်မှာလဲ? ဘာလို့ဆက်မရေးထားကြတာလဲ! ဒါနဲ့ ဟွာယောင်းရေ အဲ့ဒီအကြောင်းကိုမငး်သိလား?
မင်းက ရှေ့ဆက်ဖြစ်မယ့်အရာကိုမြင်နိုင်စွမ်းရှိတယ်လေ
မင်းတစ်ခုခုမြင်တာမျိုးရှိရင်ငါ့ကိုပြောပြပါ!""မ..မသိပါဘူး အ..အရှင်.. "
"ဟုတ်လား? လူသားတစ်ဦးကိုချစ်မိလိမ့်မယ် ဆိုပဲ!
ဒါနဲ့အဲ့ဒီ အရှင်သခင်ကဘယ်သူလဲမသိဘူးနော် ဘယ်လိုလုပ် ဗန်ပိုင်ယာတစ်ကောင်ကလူတစ်ယောက်ကိုချစ်တယ်တဲ့!ချစ်ခွင့်မရှိတာတော့မဟုတ်ပါဘူး တစ်ခုလေးပဲ
လူသားနဲ့သွေးစုတ်ကောင် ဆိုတဲ့စည်းလေးခြားနေတာပဲ အဲ့ဒီငယ်ရွယ်တဲ့အရှင်သခင်အတွက်စိတ်မသက်သာလိုက်တာ!ဘယ်လောက်တောင်နာကျင်လိမ့်မလဲ!"ဟွာယောင်းတစ်ယောက် အရှင်ဂျီမင်း ကိုသာ ပြုံးပြလျက်....
***အရှင်ရယ်! ကျွန်မ တောင်းပန်ပါတယ်...အရှင့်ကိုကျွန်မ မသိဘူးလို့ လိမ်ပြောခဲ့မိပါတယ်..တစ်ခုသေချာတာကတော့အဲ့ဒီဗန်ပိုင်ယာအရှင်သခင် ချစ်မိမယ့်လူသားက မိန်းမပျိုလေးတစ်ဦးမဟုတ်ခဲ့ဘူးအရှင်...***
"ဒါနဲ့ ငါ့လက်စွပ်ရှိတဲ့နေရာ သိပီလား?"
"ဟုတ်ကဲ့... ဆိုးလ်မြို့ ရဲစခန်းတစ်ခုမှာရှိနေပါတယ်"
"အာ... ဒါဆို ညနေကျရင် ငါသွားလိုက်မယ်!"
"ဖြစ်ပါ့မလားအရှင်"
YOU ARE READING
Because I Hate U [ Completed ]