Unicode
အပိုင်း - ၁ : မင်းသားနဲ့မင်းသမီးညားလေသတည်းဆိုတဲ့ဇာတ်သိမ်းကို ငါ မကြိုက်ဘူး။
"ငါပြောမယ်... နင်ပဲစဉ်းစားကြည့်... မင်းသားနဲ့မင်းသမီးလေးညားလေသတည်းဆိုတဲ့ ကိစ္စတွေကအဓိပ္ပာယ်မရှိဘူးမထင်ဘူးလား..."
မိန်းကလေးတစ်ယောက်၏ အာဘောင်အာရင်းသန်သန် ငြင်းနေမှု။ ဆူညံနေသည့် ကန်တင်းတစ်ခုမှ စကားသံများ။ စားပွဲထိုးလေး၏ 'အစ်မဘာမှာမလဲ' ဆိုသည့် စကားကိုအခြားသောဝိုင်းမှ ပြန်ဖြေသံကိုအားရပါးရစကားဆိုနေသူကောင်မလေးကမျက်ထောင့်နီဖြင့် လှမ်းရှိုး၏။ မဆီမဆိုင် လှမ်းရှိုးခံရသည့် စားပွဲထိုးလေးသည် ဇဝေဇဝါဖြင့် သူတို့ဘက်သို့ပြန်ကြည့်လာသည်။ ထိုကောင်လေး၏ ခေါင်းပေါ်တွင် Question Mark သင်္ကေတလေးပေါင်းမြောက်မြားစွာကိုမြူလင်းမြင်လိုက်ရသလို။ ထို့အတွက် မြူလင်းသည်ဘုရှိုးရှိုးနေသူမျက်စိရှေ့မှသူငယ်ချင်းအမိကိုအသံတိုးတိုးလေးဖြင့်...
"ဒါ... ဒါပေမဲ့ သွန်းရဲ့..."
"လူတိုင်းက Happy Ending ကိုကြိုက်တာငါလက်ခံပါတယ်... ဒါပေမဲ့ မင်းသားလေးနဲ့မင်းသမီးလေးနဲ့ ညားလေသတည်းဆိုပြီးပြီးသွားတာကြီးကအဓိပ္ပာယ်မှမရှိဘဲ..."
"နင့်ဘာသာမကြိုက်ရင် နင်မကြည့်နဲ့ပေါ့ ကြိုက်တဲ့သူတွေရှိလို့ ဒါတွေကရောင်းကောင်းနေတာကို..."
"နဒီကလည်းဟာ..."
မြူလင်း၏ စိတ်အိုက်သည့် အသံငယ်လေးထွက်လာတော့၏။ နဒီဇော် မျက်နှာကတော့ အဖက်မလုပ်သည့် ပုံမျိုး။ မြူလင်းပခုံးကိုဖက်ကာပန်းကန်ထဲမှ မုန့်များကိုနှိုက်စားနေသည်ကိုကြည့်ပြီးသွန်းနှင်းဆုမျက်နှာကသုန်မှုန်လာ၏။ ဒီမိန်းမနဒီဇော်ကအားနေမြူလင်းတစ်ယောက်ကိုအနိုင်ကျင့်နေတာပဲ။ ဟိုကလည်းငြိမ်ခံနေလိုက်။
ဟူး... မတရားမှုတွေကိုစိတ်ထဲမြိုသိပ်ထားရတာလဲပင်ပန်းလိုက်တာ...။
"ဒါနဲ့ တစ်ပြုတ်မ..."
နဒီဇော်သည် မြူလင်းပန်းကန်ထဲမှ ဖက်ထုတ်ပြုတ်တစ်ဖတ်ကိုယူဝါးနေရင်းသွန်းနှင်းဆုကိုလှမ်းခေါ်၏။ သွန်းနှင်းဆုခေါင်းကိုဆတ်ခနဲခါချိန်တွင် ဆံပင်တိုတိုကုတ်ကုတ်လေးများဝဲခနဲဖြစ်သွားတော့သည်။ ထို့နောက်မျက်လုံးကြီးပြူးပြီးနဒီဇော်ကိုလှမ်းကြည့်တော့သည်။ သွန်းနှင်းဆုသည်ပထမနှစ်တွင် Roll No. 1 ဖြစ်ခဲ့ပြီးဒုတိယနှစ်တွင် Roll No. 413 ဖြစ်သွားခြင်းကိုဘယ်လိုမှ မနေသော်လည်းတစ်ယောက်ယောက်ကသူမကိုတစ်ပြုတ်မလို့ ခေါ်တာတော့ သွန်းနှင်းဆုဆိုသည့် သူမလေးနည်းနည်းလေးမှ မကြိုက်ပါပေ။
YOU ARE READING
Fall in love with the type I hate most! [Own Creation]
RomanceShe is a girl who doesn't believe in "Happily ever after" Ending. She hates Prince like character. She likes to play around. She likes to flirt with the pretty boy seniors. But wait! Why that senior look at me with strange eyes! Ahh! I don't like y...