-Zawgyi
အပိုင်း - ၂ : အရင်က မင်းတို့သိပ်ချစ်ကြတာပါ။
"အ... အ... မင်းအဖေပဲ ငါ့ကို ဖြည်းဖြည်းဆွဲပါဟ..."
ကျောပိုးအိတ်တရွတ်တိုက်ဆွဲကာ ကလန်ကလားအရပ်ကြီးဖြင့် ယက်ကန်ယက်ကန် ပါသွားခဲ့သည့် ကောင်လေးတစ်ယောက်။ ပါးစပ်မှလည်း အော်ဟစ်လျက်။ တတိယနှစ်အဆောင်ဘက်မှ ကျောင်းသားတို့သည် ကျောင်းနောက်ဆုံးချိန်တွင် ဆူညံသွားသည့် အသံကြောင့် ပြန်ရန် ပြင်နေရာမှ တစ်ချက်ကြည့်ပြီး အသံပိုင်ရှင်သည် မည်သူမှန်း သိသွားချိန်တွင် သူတို့ အရေးစိုက်မနေတော့။
"နင်က သူ့အဖေကြီးကျနေတာပဲ အာကာရယ်..."
"ငါ သူ့ကို ဒီနေ့ကျူတိုရှိတယ်ပြောထားတာကို..."
မိန်းကလေးတစ်ယောက်၏ ရယ်ဟဟစကားကို ကျောပိုးအိတ်တရွတ်တိုက် ဆွဲထားသည့် လက်ကိုလွှတ်ချတော့ အဆွဲခံရသည့် သကောင့်သားမှာ ကံကောင်း၍ပြုတ်မကျသား။
"ငါရောက်လာပြီလေ... မင်းကလည်း..."
စပ်ဖြဲဖြဲမျက်နှာမပျက် ပြောသည့်သကောင့်သားကို အာကာမိုးထက် မျက်ခွက်ပိတ်ရိုက်ချင်သည်။ ညကတည်းက ကျူတိုရီရယ်ရှိတယ်လို့ သူ ပြောထားရဲ့သားနဲ့ ဒီသကောင့်သားဟာ အခုချိန်မှ လာရဲသေးသည်။
"နင်တို့ အိမ်ချင်းလည်း နီးသားပဲ ဘာလို့ နင် သွားမခေါ်လဲ အဲ့ကောင်အကြောင်းလည်း နင်သိနေသားနဲ့..."
"သွန်းမ အဲ့ကောင်အကြောင်းသိလို့ ငါသူ့ကို သွားမခေါ်တာပေါ့ သူ့ကို သွားခေါ်ရင်းနဲ့ ငါပါကျောင်းနောက်ကျရင် ဘယ်လိုလုပ်မလဲ..."
"အေး အဲ့တစ်ပေါက်တော့ရှိတယ်..."
"နည်းနည်းတော့နံတယ်..."
အနောက်မှ ဝင်ပြောသည့် ရှင်းသန့်မောင်ကို သွန်းနှင်းဆု မျက်စောင်းထိုးသလို အာကာမိုးထက်သည်လည်း မျက်ထောင့်ကပ်ကြည့်သည်။ ရှင်းသန့်မောင်က ကျောင်းနောက်ဆုံးချိန်ကပ်၍ ရောက်လာသူက သူ မဟုတ်သည့်ပုံမျိုးဖြင့် စပ်ဖြဲဖြဲမျက်နှာကို တည်ကာ...
"လာလာ... ငါတို့ ကျူတိုဖြေရဦးမယ်လေ... မင်းတို့က အပြင်မှာ ဘာလုပ်နေတာလဲ တကယ်ပဲ ကျူတိုရီယယ် အမှတ်က ကယ်မှတ်ဆိုတာ နားမလည်ဘူးလား အချိန်ကို ဖြုန်းတယ်..."
YOU ARE READING
The Little straight guy is so cute that I can't help but bent him. [OwnCreation]
RomanceA straight guy being bent by a gay he met on online game. #This Story is my own creation...